ဆာလံ 20:5 - မြန်မာ့စံမီသမ္မာကျမ်း5 ငါတို့သည် သင်၏အောင်မြင်ခြင်းကြောင့် ရွှင်လန်းစွာကြွေးကြော်၍ ငါတို့ဘုရားသခင်၏နာမတော်၌ အောင်လံကိုစိုက်ထူကြမည်။ ထာဝရဘုရားသည် သင်တောင်းလျှောက်သမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။ Ver CapítuloCommon Language Bible5 ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။ Ver CapítuloGarrad Bible5 ကိုယ် တော်၏ ကယ် တင် ခြင်း ကြောင့်၊ အ ကျွန်ုပ် တို့ အောင် ပွဲ ခံ လျက်၊ ကိုယ့် ဘု ရား သ ခင်၏ နာ မ တော်၌၊ အောင် လံ များ ကို စိုက် ထူ ကြ ပါ မည်။ ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော်၏ လျှောက် ထား ချက် ရှိ သ မျှ ပြည့် စုံ ခွင့် ပြု တော် မူ ပါ စေ သော။ Ver CapítuloJudson Bible5 ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် အကျွန်ုပ်တို့သည်ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏အခွင့်နှင့် အလံကိုထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါစေသော။ Ver Capítulo |
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။