ဆာလံ 18:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း ကိုယ်တော်၏ရှေ့တော်၊ ကိုယ်တော်၏နားတော်သို့ရောက်ပါ၏။ Ver CapítuloCommon Language Bible6 ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။ Ver CapítuloGarrad Bible6 ကျဉ်း ကျပ် သော အ ဖြစ် မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ၊ ကိုယ် တော် သည်၊ ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက်၊ ရှေ့ တော် ရောက် ငါ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။ Ver CapítuloJudson Bible6 ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။ Ver Capítulo |