ဆာလံ 18:44 - မြန်မာ့စံမီသမ္မာကျမ်း44 သူတို့သည် အကျွန်ုပ်အကြောင်းကိုကြားရသည်နှင့် အကျွန်ုပ်စကားကိုနာခံကြပါ၏။ တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ကို ခယဝပ်တွားကြပါ၏။ Ver CapítuloCommon Language Bible44 လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။ Ver CapítuloGarrad Bible44 ငါ့ အ ကြောင်း ကို ကြား လျှင် ကြား ခြင်း၊ ငါ့ အ မိန့် ကို နား ထောင် လျက်၊ နိုင် ငံ ခြား သား တို့ သည်၊ ငါ့ ကို ကျိုး နွံ ဟန် ဆောင် ကြ ၏။ Ver CapítuloJudson Bible44 အကျွန်ုပ်စကားသံကို ကြားသည်ခဏချင်းတွင် နားထောင်ပါ၏။ တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။ Ver Capítulo |
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။