ဆာလံ 15:3 - မြန်မာ့စံမီသမ္မာကျမ်း3 မိမိနှုတ်ဖြင့်အတင်းပြောဆိုခြင်းမပြုသောသူ၊ မိမိ၏အိမ်နီးချင်းအပေါ်မကောင်းမှုကိုမပြုသောသူ၊ မိမိဝန်းကျင်၌ရှိသောသူကို ကဲ့ရဲ့ပြစ်တင်ခြင်းမပြုသောသူ၊ Ver CapítuloCommon Language Bible3 သူတစ်ပါး၏အသရေကိုမဖျက်တတ်သူ ဖြစ်ပါ၏။ ထိုသူသည်မိမိ၏မိတ်ဆွေများကိုမပြစ်မှားတတ်။ အိမ်နီးချင်းတို့၏အကြောင်းကိုလည်းမကောင်း သတင်း မလွှင့်တတ်။ Ver CapítuloGarrad Bible3 လျှာ ဖြင့် ကုန်း ချော ခြင်း၊ သူ တစ် ပါး၌ ဆိုး သွမ်း ခြင်း၊ အိမ် နီး ချင်း အား ကဲ့ ရဲ့ ခြင်း မ ပြု သူ၊ Ver CapítuloJudson Bible3 သူတစ်ပါး၏အသရေကို ပျက်စေခြင်းငှာပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကဲ့ရဲ့ခြင်းကိုရှောင်ထသော၊ Ver Capítulo |
ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။