ဆာလံ 137:4 - မြန်မာ့စံမီသမ္မာကျမ်း4 ငါတို့သည် တိုင်းတစ်ပါးသားတို့ပြည်၌ ထာဝရဘုရား၏သီချင်းကို မည်သို့သီဆိုနိုင်ကြမည်နည်း။ Ver CapítuloCommon Language Bible4 ထာဝရဘုရားသခင်၏ဂုဏ်တော်ချီးမွမ်း သီချင်းကို ငါတို့သည်အဘယ်သို့လျှင်နိုင်ငံရပ်ခြား၌ ဆိုနိုင်ကြပါမည်နည်း။ Ver CapítuloGarrad Bible4 ထာ ဝ ရ ဘု ရား ၏ သီ ချင်း ကို၊ နိုင် ငံ ခြား တွင် မည် သို့ ဆို ကြ ရ အံ့ နည်း။ Ver CapítuloJudson Bible4 တစ်ကျွန်းတစ်နိုင်ငံ၌ ထာဝရဘုရား၏သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။ Ver Capítulo |
သင်က “မည်သူသည် ငါ့အတွက် ဤသူတို့ကို မွေးဖွားခဲ့သနည်း။ ငါသည် သားသမီးများဆုံးပါး၍ သားသမီးမရနိုင်သောသူ၊ ဖမ်းခေါ်သွားခြင်းခံရသူ၊ အပယ်ခံရသူဖြစ်၏။ ဤသူတို့ကို မည်သူကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ငါသည် တစ်ယောက်တည်းကျန်ရစ်ခဲ့၏။ ဤသူတို့သည် မည်သည့်အရပ်မှရောက်လာကြသနည်း”ဟု သင့်စိတ်ထဲ၌ တွေးလိမ့်မည်။
သူတို့သည် စပျစ်ဝိုင်ကို ထာဝရဘုရားထံ သွန်းလောင်းပူဇော်ရမည်မဟုတ်။ သူတို့၏ပူဇော်သက္ကာတို့ကိုလည်း ကိုယ်တော်လက်ခံတော်မူမည်မဟုတ်။ ထိုပူဇော်သက္ကာသည် သူတို့အဖို့ အသုဘအစာကဲ့သို့ ဖြစ်၏။ စားသောသူအားလုံး ညစ်ညူးခြင်းသို့ ရောက်လိမ့်မည်။ အကယ်စင်စစ် ထိုအစာသည် သူတို့စားဖို့သာ ဖြစ်၏။ ထာဝရဘုရားအိမ်တော်သို့ မယူဆောင်လာရ။