ဆာလံ 136:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ Ver CapítuloCommon Language Bible1 ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသဖြင့် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ Ver CapítuloGarrad Bible1 ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။ Ver CapítuloJudson Bible1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ Ver Capítulo |
ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။
ယဇ်ပုရောဟိတ်တို့သည် မိမိတို့တာဝန်ကျရာနေရာတွင် ရပ်နေရ၏။ လေဝိအမျိုးတို့ကလည်း ဒါဝိဒ်မင်းကြီးရေးဖွဲ့ခဲ့သော ထာဝရဘုရားအားချီးမွမ်းခြင်းသီချင်းကို ထာဝရဘုရားထံ ချီးမွမ်းသီဆိုရန် တူရိယာများဖြင့် ရပ်နေကြ၏။ သူတို့က “ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏”ဟု သီဆိုသောအခါ မျက်နှာချင်းဆိုင်တွင်ရပ်နေသော ယဇ်ပုရောဟိတ်တို့သည် တံပိုးများကိုမှုတ်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့မူကား မတ်တတ်ရပ်လျက်နေကြ၏။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။