ဆာလံ 135:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်နက်ရှိုင်းရာအရပ်ရှိသမျှတို့၌လည်းကောင်း အလိုတော်ရှိသောအရာအားလုံးကို ပြုတော်မူ၏။ Ver CapítuloCommon Language Bible6 ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်း အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။ Ver CapítuloGarrad Bible6 ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် ရေ ထု ရှိ သ မျှ ၌၊ သ ဘော တော် မြတ် ရာ ပြု တော် မူ ခဲ့ ပြီ။ Ver CapítuloJudson Bible6 ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။ Ver Capítulo |
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။
ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။