Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 128:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထာဝရဘုရား​သည် သင့်​ကို ဇိအုန်​မှ ကောင်းချီးပေး​တော်မူ​ပါစေသော​။ သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဂျေရုဆလင်​မြို့​၏​ကောင်းကျိုးချမ်းသာ​ကို တွေ့မြင်​ရ​ပါစေသော​။

Ver Capítulo Copiar

Common Language Bible

5 ဇိ​အုန်​တောင်​တော်​ပေါ်​မှ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့​၏​ဝ​ပြော​စည်​ပင်​နေ​သည်​ကို တွေ့​မြင်​ရ​ပါ​စေ​သော။

Ver Capítulo Copiar

Garrad Bible

5-6 တစ် သက် ပတ် လုံး ယေ ရု ရှ လင် မြို့ ချမ်း သာ ခြင်း ကို ရှု ခွင့်၊ သား မြေး တို့ အား မြင် ခွင့် ကောင်း ကြီး မင်္ဂ လာ ကို၊ ဇိ အုန် မြို့ မှ ထာဝ ရ ဘု ရား ပေး တော် မူ ပါ စေ သော။ ဣ သ ရေ လ လူ မျိုး ၌ ရန် ငြိမ်း ခြင်း တည် ရှိ ပါ စေ သော။

Ver Capítulo Copiar

Judson Bible

5 ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကောင်း​ချီး​ပေး​တော်​မူ၍၊ ယေ​ရု​ရှ​လင်​မြို့​ခံ​ရ​သော ကောင်း​ကျိုး​ကို တစ်​သက်​လုံး​မြင်​ရ​လိမ့်​မည်။

Ver Capítulo Copiar




ဆာ​လံ 128:5
9 Referencias Cruzadas  

ထာဝရဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ထာဝရဘုရား​၏​အိမ်​တော်​ထဲမှ ကောင်းချီးထောမနာ​ပြု​ကြ​ပါ​၏​။


“​သင့်​ကို​မြတ်နိုး​သော​သူ​တို့​သည် ကောင်းစား​ကြ​ပါစေသော​။ သင်​၏​တံတိုင်း​အတွင်း​၌ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​ပါစေသော​။ သင်​၏​ခံတပ်​များ​အတွင်း​၌ လုံခြုံစိတ်ချမှု​ရှိ​ပါစေသော​”​ဟု ဂျေရုဆလင်​မြို့​၏​ငြိမ်းချမ်းသာယာ​ခြင်း​အတွက် ဆုတောင်း​ကြ​လော့​။


ကောင်းကင်​နှင့်​မြေကြီး​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​သည် ဇိအုန်​မှ သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။


ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​တော်မူ​သော​ထာဝရဘုရား​သည် ဇိအုန်​၌ မင်္ဂလာရှိ​တော်မူ​၏​။ ဟာလေလုယ​။


ကိုယ်တော်​သည် သင့်​အတွက်​ကူညီမစမှု​ကို သန့်ရှင်းရာဌာန​တော်​ထဲမှ​စေလွှတ်​၍ သင့်​ကို ဇိအုန်​မှ ဖေးမ​တော်မူ​ပါစေသော​။


သင်​၏​ပူဇော်သက္ကာ​အားလုံး​ကို​အောက်မေ့​၍ သင်​၏​မီးရှို့ရာယဇ်​ကို လက်ခံ​တော်မူ​ပါစေသော​။(​စေလာ)


လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။


ငါ​တို့​ပွဲတော်​မြို့​ဖြစ်​သည့် ဇိအုန်​မြို့​ကို​ကြည့်ရှု​လော့​။ အပြောင်းအရွှေ့​မ​ရှိ​သော​တဲ​ဖြစ်​သည့် ငြိမ်းအေး​ရာ​ဂျေရုဆလင်​မြို့​ကို သင်​သည် ကိုယ့်​မျက်စိ​နှင့် မြင်​ရ​လိမ့်မည်​။ ထို​တဲ​၏​တိုင်​များ​သည် မည်သည့်​အခါ​မျှ ဆွဲနုတ်ခြင်း​ခံရ​မည်​မ​ဟုတ်​။ ကြိုး​များ​သည်​လည်း တစ်ချောင်းမျှ​ဖြတ်တောက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။


အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos