ဆာလံ 125:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။ Ver CapítuloCommon Language Bible1 ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။ Ver CapítuloGarrad Bible1 ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။ Ver CapítuloJudson Bible1 ထာဝရဘုရားကို ခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ၏။ Ver Capítulo |
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။