ဆာလံ 119:49 - မြန်မာ့စံမီသမ္မာကျမ်း49 ကိုယ်တော်၏အစေအပါးအား မိန့်တော်မူသောနှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ထိုနှုတ်ကပတ်တော်၌ မျှော်လင့်ကိုးစားစေပါ၏။ Ver CapítuloCommon Language Bible49 ကိုယ်တော်ရှင်၏အစေခံဖြစ်သူကွန်တော် မျိုးအား ထားတော်မူသောကတိတော်ကိုသတိရတော်မူပါ။ ယင်းကတိတော်သည်ကွန်တော်မျိုးအား မှော်လင့်ခက်ကိုပေးပါပြီ။ Ver CapítuloGarrad Bible49 စောင့် မျှော် ရန် အ ကြောင်း ဖြစ် သော ကျွန် တော် မျိုး အား ပေး တော် မူ သော က တိ တော် ကို သ တိ ရ တော် မူ ပါ။ Ver CapítuloJudson Bible49 အကျွန်ုပ် မျှော်လင့်စရာအကြောင်း၊ ကိုယ်တော်၏ကျွန်၌ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ Ver Capítulo |
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ရွေးကောက်သောသူတို့၏ ကောင်းကျိုးချမ်းသာကို မြင်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော့်လူမျိုးတော်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဝမ်းမြောက်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏အမွေတော်၌ ဂုဏ်ယူဝါကြွားနိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်ကို ကျေးဇူးပြုတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ။ သူတို့ကို ကယ်တင်တော်မူသောအခါ အကျွန်ုပ်ကိုလည်း စာရင်းဝင်စေတော်မူပါ။