ဆာလံ 119:31 - မြန်မာ့စံမီသမ္မာကျမ်း31 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ဖက်တွယ်ထားပါ၏။ အကျွန်ုပ်ကို အရှက်ကွဲစေတော်မမူပါနှင့်။ Ver CapítuloCommon Language Bible31 အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ သြဝါဒမားကိုလိုက်နာပါပြီ။ ကွန်တော်မျိုးအားအရှက်ကွဲစေတော်မမူပါနှင့်။ Ver CapítuloGarrad Bible31 အို ထာ ဝ ရ ဘု ရား၊ သက် သေ ခံ တော် မူ ချက် များ ၌ စွဲ လမ်း သော အ ကျွန်ုပ် ကို၊ အ ရှက် ကွဲ စေ တော် မ မူ ပါ နှင့်။ Ver CapítuloJudson Bible31 သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။ Ver Capítulo |
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။