ဆာလံ 119:132 - မြန်မာ့စံမီသမ္မာကျမ်း132 ကိုယ်တော်၏နာမတော်ကို မြတ်နိုးသောသူတို့အတွက် ပြုလေ့ရှိသည့်အတိုင်း အကျွန်ုပ်ဘက်သို့လှည့်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ Ver CapítuloCommon Language Bible132 ကိုယ်တော်ရှင်အားခစ်သောသူတို့ကို သနားတော်မူသည့်နည်းတူ ကွန်တော်မျိုးအားရှုကြည့်၍သနားတော် မူပါ။ Ver CapítuloGarrad Bible132 နာ မ တော် ကို ချစ် သူ တို့ အား အ လေ့ တော် အ တိုင်း၊ အ ကျွန်ုပ် ဘက် သို့ လှည့်၍ က ရု ဏာ သက် တော် မူ ပါ။ Ver CapítuloJudson Bible132 နာမတော်ကိုချစ်သော သူတို့၌ ပြုတော်မူတတ်သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ။ Ver Capítulo |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ရွေးကောက်သောသူတို့၏ ကောင်းကျိုးချမ်းသာကို မြင်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော့်လူမျိုးတော်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဝမ်းမြောက်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏အမွေတော်၌ ဂုဏ်ယူဝါကြွားနိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်ကို ကျေးဇူးပြုတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ။ သူတို့ကို ကယ်တင်တော်မူသောအခါ အကျွန်ုပ်ကိုလည်း စာရင်းဝင်စေတော်မူပါ။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။