Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 108:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်းရာဌာန​တော်​မှ မိန့်​တော်မူ​သည်​မှာ “​ငါ​သည် ရွှင်မြူး​ခြင်း​ရှိ​လျက် ရှေခင်​မြို့​ကို​ခွဲဝေ​၍ သုကုတ်​ချိုင့်ဝှမ်း​ကို​တိုင်းတာ​ဝေခြမ်း​မည်​။

Ver Capítulo Copiar

Common Language Bible

7 ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​က ``ငါ​သည်​အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​လည်း​ငါ​၏​လူ​စု​တော် အား ခွဲ​ဝေ​ပေး​မည်။

Ver Capítulo Copiar

Garrad Bible

7 သန့် ရှင်း ရာ ဌာ န တော် မှ၊ ဘု ရား သ ခင် မိန့် ဆို တော် မူ သည် မှာ၊ ငါ သည် မာန် ဟုန် သွင်း လျက်၊ ရှေ ခင် မြို့ ကို ဝေ ဖန် ခြင်း၊ သု ကုပ် ချိုင့် ကို တိုင်း တာ ခြင်း ပြု မည်။

Ver Capítulo Copiar

Judson Bible

7 သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို​တိုင်း​ထွာ​မည်။

Ver Capítulo Copiar




ဆာ​လံ 108:7
13 Referencias Cruzadas  

ယာကုပ်​မူကား သုကုတ်​အရပ်​သို့​ခရီးပြု​၍ ထို​အရပ်​၌ အိမ်​ကို​ဆောက်​လေ​၏​။ မိမိ​တိရစ္ဆာန်​များ​အတွက်​လည်း ယာယီတဲ​များ​ကို​ဆောက်​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို သုကုတ် ဟု​ခေါ်​၏​။


ဂိလဒ်​ပြည်​ကို ငါ​ပိုင်​၏​။ မနာရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏​။ ဧဖရိမ်​ပြည်​သည် ငါ​၏​သံခမောက်​ဖြစ်​ပြီး ယုဒ​ပြည်​သည် ငါ​၏​ကျိုင်း​တော်​ဖြစ်​၏​။


ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို တိုင်တည်ကျိန်ဆို​၍ “​ကြည့်ရှု​လော့​။ သင်​တို့​ကို ချိတ်​များ​ဖြင့်​လည်းကောင်း​၊ ကြွင်းကျန်သူ​တို့​ကို ငါးမျှားချိတ်​များ​ဖြင့်​လည်းကောင်း ဖမ်းခေါ်​သွား​သော​နေ့ ရောက်လာ​လိမ့်မည်​။


မနာရှေ​၏​နယ်နိမိတ်​မှာ အာရှာ​မြို့​မှ ရှေခင်​မြို့​အရှေ့ဘက်​ရှိ မိတ်မေသ​မြို့​အထိ ဖြစ်​၏​။ ထို​နယ်နိမိတ်​သည် တောင်ဘက်​အင်တာပွာ​မြို့​သို့ ရောက်​၏​။


ထို့ကြောင့် သူ​တို့​သည် ဂါလိလဲ​ပြည်​၊ နဿလိ​တောင်ပေါ်ဒေသ​ရှိ ကေဒေရှ​မြို့​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​၊ ယုဒ​တောင်ပေါ်ဒေသ​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​တို့​ကို ရွေးချယ်​၏​။


ထို့နောက် ယောရှု​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို ရှေခင်​မြို့​၌ စုဝေး​စေ​ပြီးလျှင် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ ခေါင်းဆောင်​များ​၊ တရားသူကြီး​များ​နှင့် ကြီးကြပ်သူ​များ​ကို ဆင့်ခေါ်​သဖြင့် သူ​တို့​သည်​လည်း ဘုရားသခင်​၏​ရှေ့​တော်​၌​ရပ်​နေ​ကြ​၏​။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ကိုယ်တော်​သည် မိမိ​၏​ကြီးမြတ်​သော​ကရုဏာ​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ငါ​တို့​ကို အသက်ရှင်​သော​မျှော်လင့်​ခြင်း​ထဲသို့​လည်းကောင်း၊


သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos