ဆာလံ 107:40 - မြန်မာ့စံမီသမ္မာကျမ်း40 ကိုယ်တော်သည် မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ သူတို့ကို လမ်းမရှိသော လွင်တီးခေါင်အရပ်၌ လှည့်လည်သွားလာစေတော်မူ၏။ Ver CapítuloCommon Language Bible40 ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။ Ver CapítuloGarrad Bible40 မှူး မတ် တို့ ကို အ ရှက် ကြီး ခွဲ၍၊ လမ်း မဲ့ လ ဟာ ပြင် ၌ လွဲ စေ လျက်၊ Ver CapítuloJudson Bible40 မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တောအရပ်၌လည်စေတော်မူ၏။ Ver Capítulo |
ထိုခဏချင်းတွင် နေဗုခဒ်နေဇာမင်းကြီး၌ အမိန့်တော်အတိုင်း ဖြစ်ပျက်လေ၏။ သူသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရ၍ နွားကဲ့သို့ မြက်ကိုစားရ၏။ သူ့အမွေးတို့သည် လင်းယုန်ငှက်အမွေးကဲ့သို့ ရှည်လာ၍ လက်သည်းခြေသည်းတို့သည်လည်း ငှက်ခြေသည်းကဲ့သို့ ဖြစ်လာသည့်တိုင်အောင် သူ့ကိုယ်သည် ကောင်းကင်နှင်းစက်ဖြင့် စိုစွတ်လျက်နေရ၏။
ဖိလိတ္တိလူမျိုးတို့ကလည်း “မည်သည့်အပြစ်ဒဏ်ဖြေရာယဇ်ဖြင့် ပို့လိုက်ရမည်နည်း”ဟု မေးလျှင် သူတို့က “ဖိလိတ္တိမင်းအရေအတွက်နှင့်အညီ ရွှေပလိပ်နာဖုအရုပ်ငါးခုနှင့် ရွှေကြွက်ရုပ်ငါးခုကို ထုလုပ်၍ ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့၏မင်းများ ခံစားရသောရောဂါမှာ တစ်မျိုးတည်းဖြစ်၏။