ဆာလံ 106:24 - မြန်မာ့စံမီသမ္မာကျမ်း24 တစ်ဖန် သူတို့သည် ကိုယ်တော်၏ကတိတော်ကို မယုံ၊ သာယာသောပြည်ကို အလေးမထားဘဲ Ver CapítuloCommon Language Bible24 ထိုနောက်သူတို့သည်သာယာသောပြည်သို့ ဝင်ရန် ငြင်းဆန်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ ကတိတော်ကိုမယုံကြသောကြောင့်ဖြစ်၏။ Ver CapítuloGarrad Bible24 သာ ယာ သော ပြည် ကို မ ထီ မဲ့ မြင် ပြု လျက်၊ ထို သူ တို့ သည် ဗျာ ဒိတ် တော် ကို မ ယုံ။ Ver CapítuloJudson Bible24 ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။ Ver Capítulo |
ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။