ဆာလံ 102:13 - မြန်မာ့စံမီသမ္မာကျမ်း13 ကိုယ်တော်သည် ထ၍ ဇိအုန်ကို သနားစုံမက်တော်မူလိမ့်မည်။ အကြောင်းမူကား ဇိအုန်ကိုသနားရမည့်အချိန်ဖြစ်၏။ သတ်မှတ်ထားသောအချိန်သည်လည်း ရောက်လာပြီဖြစ်၏။ Ver CapítuloCommon Language Bible13 ကိုယ်တော်ရှင်သည်ထတော်မူ၍ဇိအုန်မြို့ကို သနားတော်မူလိမ့်မည်။ ထိုမြို့ကိုသနားတော်မူရန်အချိန်သည် ကျရောက်လာပါပြီ။ ယခုအချိန်သည်သင့်တော်သည့်အချိန်ပင် ဖြစ်ပါ၏။ Ver CapítuloGarrad Bible13-14 ကျွန် တော် ရင်း တို့ သည်၊ မြို့ တော်၏ ကျောက် လုံး များ ကို ပင် နှစ် သက် လျက်၊ မြေ မှုန့် များ ကို ပင် နှ မြော ကြ သည့် အ လျောက်၊ သနား ဖွယ် အ ချိန်၊ မှန်း ထား သော အ ချိန်၊ ရောက် ပြီ ဖြစ်၍၊ ကိုယ် တော် သည် ထ ရပ် လျက်၊ ဇိ အုန် မြို့ ကို က ရု ဏာ သက် တော် မူ လိမ့် မည်။ Ver CapítuloJudson Bible13 ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော်မူသောအချိန် ရောက်ပါပြီ။ Ver Capítulo |
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
အစ္စရေးအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဖမ်းခေါ်သွားခြင်းခံရသော သူတို့ကို ငါပြန်ခေါ်လာသောအခါ ယုဒပြည်၊ ယုဒမြို့ရွာတို့တွင် ‘အို ဖြောင့်မတ်ခြင်းတည်ရာ သန့်ရှင်းသောတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူပါစေ’ဟူသော ဤစကားကို တစ်ဖန် ပြောဆိုကြလိမ့်မည်။