ဆာလံ 100:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။ ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ပိုင်ဆိုင်ရာ၊ ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏စားကျက်မှ သိုးစုဖြစ်ကြ၏။ Ver CapítuloCommon Language Bible3 ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။ Ver CapítuloGarrad Bible3 ထာ ဝ ရ ဘု ရား သည် ဘု ရား သ ခင် မှန် တော် မူ ကြောင်း သိ မှတ် ကြ လော့။ ဖန် ဆင်း တော် မူ သည့် အ လျောက်၊ ငါ တို့ သည် ကိုယ် တော် ပိုင်၊ ကိုယ် တော့် လူ မျိုး၊ စား ကျက် တော် ရှိ သိုး စု ဖြစ် ကြ ပါ၏။ Ver CapítuloJudson Bible3 ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။ Ver Capítulo |
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။