Biblia Todo Logo
La Biblia Online
- Anuncios -




ဂ​လာ​တိ 4:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။

Ver Capítulo Copiar

Common Language Bible

8 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို မ​သိ​ကြ​သ​ဖြင့် မ​စစ်​မ​မှန်​သော​ဘု​ရား​တို့​၏ ကျွန်​ဖြစ်​ခဲ့​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

8 ထို အ ခါ သင် တို့ သည် ဘု ရား သ ခင် ကို မ သိ သ ဖြင့် ပြ က တေ့ ဘု ရား မ ဟုတ် သော နတ် များ အောက် ကျွန် ခံ လျက် နေ ခဲ့ ကြ ရာ၊

Ver Capítulo Copiar

Judson Bible

8 သို့​သော်​လည်း အ​ထက်​က သင်​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​အ​ခါ၊ ဇာ​တိ​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ဘုရားသခင်​ကို မသိခဲ့​စဉ်က သင်တို့​သည် သဘာဝ​အားဖြင့် ဘုရား​မဟုတ်သော အရာများ​ထံ ကျွန်ခံခဲ့ကြ၏။

Ver Capítulo Copiar




ဂ​လာ​တိ 4:8
31 Referencias Cruzadas  

ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​များ​၊ အာရုန်​၏​သား​များ​နှင့် လေဝိ​အမျိုး​များ​ကို သင်​တို့ နှင်ထုတ်​၍ ဤ​ပြည်သား​များ​ကဲ့သို့ ကိုယ့်​ယဇ်ပုရောဟိတ်​ကို ကိုယ်​ခန့်ထား​ကြ​ပြီ​။ ကိုယ့်ကိုယ်ကို​သန့်စင်​ရန် နွားသငယ်​တစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​ကို ယူဆောင်​လာ​လျှင်ပင် ထို​သူ​တို့​သည် ဘုရား​မ​ဟုတ်​သော​အရာ​များ​၏​ယဇ်ပုရောဟိတ် ဖြစ်သွား​ကြ​၏​။


သို့သော် ဖာရော​မင်းကြီး​က “​ထာဝရဘုရား​၏​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့​ကို ငါ​လွှတ်​ရ​မည့်​အကြောင်း ထာဝရဘုရား​ကား မည်သူ​နည်း​။ ထာဝရဘုရား​ကို ငါ​မ​သိ​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း ငါ​မ​လွှတ်​”​ဟု ဆို​လေ​၏​။


သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​၊ ကျောက်​များ​သာ​ဖြစ်​သောကြောင့် ပျက်စီး​ကြ​လေ​ပြီ​။


ကိုယ်တော်​ကို​မ​သိ​သော လူမျိုးခြား​တို့​အပေါ်​သို့​လည်းကောင်း​၊ ကိုယ်တော်​၏​နာမ​တော်​ကို​မ​ခေါ်​သော မျိုးနွယ်စု​တို့​အပေါ်​သို့​လည်းကောင်း အမျက်​တော်​ကို သွန်ချ​တော်မူ​ပါ​။ အကြောင်းမူကား သူ​တို့​သည် ယာကုပ်​အမျိုး​ကို​ဝါးမျို​၍ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။ သူ​နေထိုင်​ရာ​အရပ်​ကို​လည်း ဖျက်ဆီး​လေ​ပြီ​။


လူ​သည် ကိုယ့်​အဖို့ ဘုရား​ကို ပြုလုပ်​နိုင်​သလော​။ ပြုလုပ်​နိုင်​လျှင်​လည်း ဘုရား​စစ်​မ​ဟုတ်​။


လူမျိုးခြား​တို့​သည် ဘုရား​မ​ဟုတ်​သော သူ​တို့​၏​ဘုရား​များ​ကို​ပင် အလဲအလှယ်​ပြု​ဖူး​ကြ​သလော​။ ငါ့​လူမျိုး​တို့​မူကား မိမိ​တို့​၏​ဘုန်းအသရေ​ကို အကျိုး​မ​ပေး​သော​အရာ​နှင့် အလဲအလှယ်​ပြု​ကြ​လေ​ပြီ​။


“​သင့်​ကို ငါ​မည်သို့ ခွင့်လွှတ်​နိုင်​မည်နည်း​။ သင်​၏​သားသမီး​တို့​သည် ငါ့​ကို​စွန့်ပစ်​၍ ဘုရား​မ​ဟုတ်​သော​ဘုရား​တို့​ကို တိုင်တည်ကျိန်ဆို​ကြ​ပြီ​။ ငါ​သည် သူ​တို့​ကို ပြည့်စုံကြွယ်ဝ​စေ​သော်လည်း သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ ပြည့်တန်ဆာ​အိမ်​၌ စုဝေး​ကြ​ပြီ​။


ကိုယ်တော်​သည် ဤ​လောက​၌​ရှိ​နှင့်​တော်မူ​၍ ဤ​လောက​သည် ကိုယ်တော်​အားဖြင့်​ဖြစ်လာ​သော်လည်း ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ။


သူ​တို့​သည် ဗာနဗ​ကို ဇုသ​ဟု​ခေါ်​၍ ပေါလု​သည် ဦးဆောင်​ဟောပြော​သူ​ဖြစ်​သောကြောင့် သူ့​ကို ဟေရမေ​ဟု​ခေါ်​ကြ​၏။


သင်​တို့​ကိုးကွယ်​သော​အရာ​များ​ကို လှည့်လည်​၍​ကြည့်ရှု​စဉ် ‘မ​သိ​သော​ဘုရား​အတွက်’​ဟု ကမ္ပည်းထိုး​ထား​သည့် ယဇ်ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်ပြု​ကိုးကွယ်​နေ​သော ထို​ဘုရား​အကြောင်း​ကို သင်​တို့​အား ငါ​ဟောပြော​ပါ​မည်။


ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ကို ဖောက်ပြန်​ပျက်စီး​တတ်​သော လူ၊ ကျေးငှက်၊ ခြေ​လေး​ချောင်း​သတ္တဝါ​နှင့် တွားသွား​သတ္တဝါ​တို့​၏​သဏ္ဌာန်​နှင့်​တူ​သော ရုပ်တု​ဖြင့် လဲလှယ်​ကြ​၏။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။


သင်​တို့​သည် ဘာသာခြား​ဖြစ်​ကြ​စဉ်​က စကား​မ​ပြော​နိုင်​သော​ရုပ်တု​များ​ထံသို့ တစ်နည်းနည်း​ဖြင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ လမ်းလွဲ​ခဲ့​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။


ထို့ကြောင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို စား​သောက်​ခြင်း​နှင့်​ပတ်သက်၍ ရုပ်တု​သည် ဤ​လောက​၌ ဘာမျှ​မ​ဟုတ်​ကြောင်း​နှင့် တစ်ဆူတည်း​သော​ဘုရားသခင်​မှတစ်ပါး မည်သည့်​ဘုရား​မျှ​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။


ထိုနည်းတူ ငါ​တို့​သည်​လည်း ကလေး​သူငယ်​ဖြစ်​ကြ​စဉ် လောက​၏​အခြေခံ​တရား​အောက်၌ ကျွန်ခံ​ခဲ့​ကြ​၏။


ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။


အကြောင်းမူကား သင်​တို့​သည် ငါ​တို့​ကို မည်ကဲ့သို့​လက်ခံ​ကြ​သည်​ကို​လည်းကောင်း၊ အသက်ရှင်​တော်မူ​၍​စစ်မှန်​သော​ဘုရားသခင်​ကို အစေခံ​ရန်​နှင့်


ဘုရားသခင်​ကို​မ​သိ​သော​လူမျိုးခြား​တို့​ကဲ့သို့ ကိလေသာ​တပ်မက်​ခြင်း​ထဲ၌ နစ်မွန်း​ခြင်း​မ​ရှိ​ကြ​ရန်​နှင့်


ထိုအခါ ကိုယ်တော်​သည် ဘုရားသခင်​ကို​မ​သိ​သော​သူ​တို့​နှင့် ငါ​တို့​သခင်​ယေရှု​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​အား တရား​သဖြင့်​စီရင်​တော်မူ​လိမ့်မည်။


ထာဝရဘုရား​ကို ဝတ်​မ​ပြု​သင့်​ဟု သင်​တို့​ထင်မှတ်​လျှင် ယနေ့ သင်​တို့​ဝတ်ပြု​လို​သည့်​ဘုရား​ကို သင်​တို့​ရွေးချယ်​လော့​။ ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​၌ သင်​တို့​ဘိုးဘေး​ဝတ်ပြု​ခဲ့​သော​အခြား​ဘုရား​များ​ကို ဝတ်ပြု​မည်လော​၊ သင်​တို့​နေထိုင်​ရာ​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​ကို ဝတ်ပြု​မည်လော​။ ငါ​နှင့်​ငါ့​အိမ်သူအိမ်သား​တို့​မူကား ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ဆို​၏​။


ထိုအခါ ယောရှု​က လူ​အပေါင်း​တို့​အား “​အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အာဗြဟံ​နှင့် နာခေါ်​တို့​၏​ဖခင် တေရ မှစ၍ သင်​တို့​၏​ဘိုးဘေး​တို့​သည် ရှေးယခင်​က ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​၌​နေထိုင်​၍ အခြား​ဘုရား​များ​ကို​ဝတ်ပြု​ခဲ့​ကြ​၏​။


အကြောင်းမူကား လူမျိုးခြား​တို့​၏​ဆန္ဒ​အတိုင်း​ပြု​လျက် ကာမဂုဏ်​လိုက်စား​ခြင်း၊ တပ်မက်​ခြင်း၊ မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း၊ သောက်စား​မြူးထူး​ခြင်း​နှင့် ပညတ်​တရား​က​တားမြစ်​ထား​သော ရုပ်တု​ကိုးကွယ်​ခြင်း​တို့​တွင် ကျင်လည်​ခဲ့​သည့် လွန်ခဲ့​သော​အချိန်​သည် သင်​တို့​အတွက် တော်လောက်​ပေ​၏။


ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​ရန် ခမည်းတော်​သည် မည်မျှ​ကြီးမား​သော​ချစ်​ခြင်း​မေတ္တာ​ကို ငါ​တို့​အား ပေး​တော်မူ​သည်​ကို ဆင်ခြင်​ကြ​လော့။ အမှန်ပင် ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ လောကီသား​တို့​သည် ဘုရားသခင်​ကို​မ​သိ​သောကြောင့် ငါ​တို့​ကို​လည်း​မ​သိ​ကြ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos