ဂလာတိ 4:15 - မြန်မာ့စံမီသမ္မာကျမ်း15 သို့ဖြစ်လျက်ပင် သင်တို့ခံစားရသောမင်္ဂလာသည် မည်သို့ဖြစ်သွားသနည်း။ သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိကိုပင်ထုတ်၍ ငါ့အားပေးခဲ့ကြပေလိမ့်မည်ဟု သင်တို့နှင့်ပတ်သက်၍ ငါသက်သေခံ၏။ Ver CapítuloCommon Language Bible15 ထိုအခါကသင်တို့အလွန်ပျော်ကြပါသည် တကား။ ယခုအဘယ်သို့ဖြစ်ကြလေပြီနည်း။ ထိုစဉ်အခါကသင်တို့သည်ဖြစ်နိုင်ပါမူ မိမိ တို့၏မျက်စိများကိုပင်လျှင်ထုတ်၍ငါ့အား ပေးလှူလိုသည်ဟုငါသက်သေခံ၏။- Ver CapítuloGarrad Bible15 သို့ ဖြစ် လျက် ပင် သင် တို့ သြ ဘာ ပေး ခြင်း ကား အ ဘယ် မှာ နည်း။ အ ထက် က သင် တို့ သည် ကိုယ့် မျက် စိ များ ကို ပင် ထုတ် ပေး နိုင် လျင် ငါ့ အား ထုတ် ပေး လို ကြောင်း ငါ သက် သေ ခံ ၏။ Ver CapítuloJudson Bible15 သို့ဖြစ်လျှင် သင်တို့ခံရသောမင်္ဂလာကား အဘယ်မင်္ဂလာနည်း။ အထက်က ကိုယ်မျက်စိကိုထုတ်၍ ငါ့အား ပေးနိုင်လျှင်၊ ပေးခြင်းငှာ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း15 ထိုအချိန်က သင်တို့သည် အလွန်ပျော်ရွှင်ခဲ့ကြ၏။ သို့သော် ထိုပျော်ရွှင်မှုသည် ယခုအဘယ်မှာနည်း။ ထိုအချိန်က သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏ မျက်စိကိုပင် ထုတ်၍ ကျွန်ုပ်အား လှူဒါန်းခဲ့ကြမည်ဟု ကျွန်ုပ်ပြောဝံ့၏။ Ver Capítulo |