ဂလာတိ 3:11 - မြန်မာ့စံမီသမ္မာကျမ်း11 “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည်”ဖြစ်သောကြောင့် ပညတ်တရားအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။ Ver CapítuloCommon Language Bible11 ယခုတွင်ကျမ်းစာတော်က ``ဘုရားသခင် ကိုယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်မှန် ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့်မည်'' ဟုဖော်ပြထားသဖြင့်ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုမရနိုင် ကြောင်းထင်ရှား၏။- Ver CapítuloGarrad Bible11-12 ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် လိမ့် မည် ဟု ကျမ်း ဆို ရှိ သည့် အ ပြင် ပ ညတ် များ အ လိုက် ပြု ကျင့် သူ သာ အ သက် ရှင် လိမ့် မည် ဟူ သော ကျမ်း တစ် ချက် ရှိ သည့် အ လျောက် ပ ညတ် တ ရား တော် သည် ယုံ ကြည် ခြင်း တ ရား နှင့် မ တော် မ စပ်၊ ပ ညတ် တ ရား ကြောင့် မည် သူ မျှ ဘု ရား သ ခင် ရှေ့ ဖြောင့် မတ် ရာ မ ရောက် နိုင် ကြောင်း ထင် ရှား ၏။ Ver CapítuloJudson Bible11 တစ်ဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 တစ်ဖန် ကျမ်းစာတွင် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟူ၍ ဖော်ပြထား၏။ ထို့ကြောင့် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။ Ver Capítulo |
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး