ဂလာတိ 2:8 - မြန်မာ့စံမီသမ္မာကျမ်း8 အကြောင်းမူကား အရေဖျားလှီးထားသောသူတို့၏တမန်တော်ဖြစ်စေရန် ပေတရုအထဲ၌ စီမံလုပ်ဆောင်တော်မူသောအရှင်သည် လူမျိုးခြားတို့၏တမန်တော်ဖြစ်စေရန် ငါ့အထဲ၌လည်း စီမံလုပ်ဆောင်တော်မူ၏။ Ver CapítuloCommon Language Bible8 အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် တန်ခိုးတော်ဖြင့် ပေတရုအားအရေဖျား လှီးမင်္ဂလာခံသူတို့အတွက် တမန်တော် အဖြစ်ခန့်ထားတော်မူသကဲ့သို့ ငါ့အား လည်းလူမျိုးခြားတို့အတွက်တမန်တော် အဖြစ်ခန့်ထားတော်မူသောကြောင့်ဖြစ်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း8 အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးတို့၏ တမန်တော်အဖြစ် ခန့်အပ်ခံရသည့် ပေတရုအားဖြင့် လုပ်ဆောင်တော်မူသော ဘုရားသခင်သည် လူမျိုးခြားတို့၏ တမန်တော်အဖြစ် ခန့်အပ်ခံရသော ကျွန်ုပ်အားဖြင့်လည်း လုပ်ဆောင်တော်မူသောကြောင့် ဖြစ်၏။ Ver Capítulo |
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။