ဂလာတိ 1:8 - မြန်မာ့စံမီသမ္မာကျမ်း8 သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။ Ver CapítuloCommon Language Bible8 ငါတို့ဖြစ်စေ၊ ကောင်းကင်ဘုံမှကောင်းကင်တမန် ပင်ဖြစ်စေသင်တို့အား ငါဟောပြောကြေညာခဲ့ သည့်သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် သတင်းကောင်းကိုဟောပြောလျှင်ကျိန်တော်မူ ခြင်းကိုခံစေ။- Ver CapítuloGarrad Bible8 အ ကယ်၍ ငါ တို့ ဖြစ် စေ၊ ကောင်း ကင် က စေ တ မန် တော် ဖြစ် စေ ငါ တို့ ကြား ပြော ရင်း သ တင်း တော် မြတ် နှင့် ဆန့် ကျင် သော သ တင်း ကို ကြား ပြော လျှင် အ မင်္ဂ လာ ခံ စေ။ Ver CapítuloJudson Bible8 သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတစ်ပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်လည်းကောင်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန် ဟောပြောသော်လည်းကောင်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း8 သို့သော် ကျွန်ုပ်တို့ဖြစ်စေ၊ ကောင်းကင်ဘုံမှ ကောင်းကင်တမန်ဖြစ်စေ သင်တို့အား ကျွန်ုပ်တို့ဟောပြောခဲ့သော သတင်းကောင်းမဟုတ်သည့် အခြားသတင်းကောင်းကို ဟောပြောလျှင် ဟောပြောသောသူသည် ကျိန်ဆိုခြင်းကို ခံရပါစေ။ Ver Capítulo |
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။