Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 9:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အသက်ရှင်​၍ လှုပ်ရှားသွားလာတတ်သောသတ္တဝါ​ရှိသမျှ​သည် သင်​တို့​၏​စားစရာ​ဖြစ်​လိမ့်မည်​။ စိမ်းလန်း​သော​အပင်​တို့​ကို သင်​တို့​အား ငါ​ပေး​သကဲ့သို့ ခပ်သိမ်း​သော​အရာ​တို့​ကို သင်​တို့​အား ငါ​ပေး​၏​။

Ver Capítulo Copiar

Common Language Bible

3 သင်​တို့​သည်​ထို​သတ္တ​ဝါ​နှင့်​အ​သီး​အ​ရွက်​တို့​ကို​စား​သုံး​နိုင်​ကြ​၏။ ထို​အ​ရာ​အား​လုံး​ကို​သင်​တို့​စား​သုံး​ရန်​ငါ​ပေး​၏။-

Ver Capítulo Copiar

Garrad Bible

3 လှုပ် ရှား သွား လာ သော သက် ရှိ တိ ရ စ္ဆာန် ဟူ သ မျှ ကို သင် တို့ စား သုံး ရန် ဖြစ် စေ၍ ဟင်း သီး ဟင်း ရွက် ငါ ပေး ခဲ့ သည့် နည်း တူ ပင် ရှိ သ မျှ ကို လည်း ငါ ပေး ၏။

Ver Capítulo Copiar

Judson Bible

3 အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သ​မျှ​သည်၊ အ​သီး​အ​ရွက်​ကဲ့​သို့၊ သင်​တို့​စား​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့၌​ငါ​အပ်​ပေး၏။

Ver Capítulo Copiar




ကမ္ဘာ​ဦး 9:3
18 Referencias Cruzadas  

တောရိုင်းတိရစ္ဆာန်​ရှိသမျှ​၊ မိုးကောင်းကင်​ငှက်​ရှိသမျှ​၊ မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​ရှိသမျှ​နှင့် ပင်လယ်​ငါး​ရှိသမျှ​တို့​သည် သင်​တို့​ကို ကြောက်ရွံ့​ထိတ်လန့်​ကြ​လိမ့်မည်​။ ထို​တိရစ္ဆာန်​တို့​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။


အလိုလို​သေ​သော​အကောင်​၊ သို့မဟုတ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို စား​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


ပကတိ​အလျောက် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဟု သခင်​ယေရှု​၌ ငါ​အမှန်​သိ​လျက် ယုံကြည်​စိတ်ချ​၏။ သို့သော် တစ်စုံတစ်ရာ​ကို​မစင်ကြယ်​ဟု မှတ်ယူ​သော​သူ​အတွက် ထို​အရာ​သည်​မစင်ကြယ်။


အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။


အစားအစာ​ကြောင့် ဘုရားသခင်​၏​အမှု​တော်​ကို မ​ဖျက်ဆီး​နှင့်။ အမှန်စင်စစ် အရာ​ခပ်သိမ်း​တို့​သည် စင်ကြယ်​၏။ သို့သော် တစ်စုံတစ်ဦး​၏​စားသုံး​ခြင်း​သည် သူတစ်ပါး​အတွက်​ခလုတ်တံသင်း​ဖြစ်​လျှင် ထို​အမှုအရာ​သည် အပြစ်​ဖြစ်​၏။


စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။


ခပ်သိမ်း​သော​အမှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်စေတော့။ ခပ်သိမ်း​သော​အမှု​သည် အကျိုး​ရှိ​သည်​မ​ဟုတ်။ ခပ်သိမ်း​သော​အမှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်စေတော့။ ခပ်သိမ်း​သော​အမှု​သည် တည်ဆောက်​မြှင့်တင်​ပေး​သည်​မ​ဟုတ်။


ထို့ကြောင့် သင်​တို့​သည် စား​သည်​ဖြစ်စေ၊ သောက်​သည်​ဖြစ်စေ၊ မည်သည့်​အမှု​ကို​ပြု​သည်​ဖြစ်စေ ခပ်သိမ်း​သော​အမှု​တို့​ကို ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ပြု​ကြ​လော့။


သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​ကောင်းချီးမင်္ဂလာ​ပေး​သည်​နှင့်အညီ စား​လို​သော​တိရစ္ဆာန်​ကို​သတ်​၍ မြို့​တိုင်း​၌ စားခွင့်​ရှိ​၏​။ ထို​အသား​ကို စင်ကြယ်​သော​သူ​ရော မစင်ကြယ်​သော​သူ​ပါ သမင်​၊ ဒရယ်​အသား​ကို​စား​ခွင့်​ရှိ​သကဲ့သို့ စား​နိုင်​၏​။


ထို့ကြောင့် အစား​အသောက်​နှင့်​ပတ်သက်၍​ဖြစ်စေ၊ ပွဲ​နေ့၊ လဆန်း​နေ့​၊ သို့မဟုတ် ဥပုသ်နေ့​တို့​နှင့်​ပတ်သက်၍​ဖြစ်စေ မည်သူမျှ သင်​တို့​ကို​မ​စီရင်​စေ​နှင့်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos