ကမ္ဘာဦး 6:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ ထာဝရဘုရားသည် မြေကြီးပေါ်တွင် လူကိုဖန်ဆင်းခဲ့သည်ကို ဝမ်းနည်း၍ စိတ်နှလုံးထိခိုက်တော်မူ၏။ Ver CapítuloCommon Language Bible6 လူကိုဖန်ဆင်း၍မြေကြီးပေါ်တွင်နေထိုင် စေခဲ့ခြင်းကြောင့် စိတ်မသာဖြစ်တော်မူ၏။- Ver CapítuloGarrad Bible6 မြေ ပေါ် မှာ လူ ကို ဖန် ဆင်း တော် မူ ခဲ့ သော ကြောင့် စိတ် တော် မ သာ ယာ၊ နှ လုံး တော် ပူ ပန် လျက် ရှိ တော် မူ ၏။ Ver CapítuloJudson Bible6 မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။ Ver Capítulo |
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။
ဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်ကိုလည်း စေလွှတ်သေး၏။ ကောင်းကင်တမန်သည် မြို့ကိုဖျက်ဆီးမည်ပြုစဉ်တွင်ပင် ထာဝရဘုရားသည် ကြည့်ရှုတော်မူ၍ ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် မြို့ကိုဖျက်ဆီးတော့မည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနား၌ ရပ်နေ၏။
ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ယုဒလူမျိုးတို့သည် ထိုပရောဖက်ကို သတ်ခဲ့သလော။ ထိုဘုရင်သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ထာဝရဘုရား၏မျက်နှာတော်ကို ရှာသောကြောင့် သူတို့အပေါ် ကျရောက်စေမည့်ဘေးအန္တရာယ်မှ ထာဝရဘုရား စိတ်ပြောင်းလဲတော်မူသည် မဟုတ်လော။ ငါတို့မူကား ငါတို့အပေါ် ကြောက်မက်ဖွယ်ဘေးအန္တရာယ်ကို ကျရောက်စေကြပြီ”ဟု ဆိုကြ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။