ကမ္ဘာဦး 6:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့ထံဝင်၍ ကလေးများကိုရကြသောကာလနှင့် ထိုကာလ၏နောက်ပိုင်း၌ မြေကြီးပေါ်တွင် ဧရာမလူများရှိကြ၏။ ထိုသူတို့သည် ရှေးခေတ်လူစွမ်းကောင်းများ၊ နာမည်ကျော်စောသူများဖြစ်ကြ၏။ Ver CapítuloCommon Language Bible4 ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။ Ver CapítuloGarrad Bible4 ထို ကာ လ၌ မြေ ကြီး ပေါ် မှာ ကိုယ် ကြီး မြင့် သူ များ ရှိ ကြ၏။ ၎င်း နောက်၌ လည်း လူ့ သ မီး များ နှင့် ကောင်း ကင် သား တို့ ချဥ်း ကပ် ၍ ရ သော သား တို့ သည် ရှေး ကာ လ တွင် အ စွမ်း ကောင်း သော သူ၊ ကျော် စော သော သူ များ ဖြစ် ကြ ကုန် ၏။ Ver CapítuloJudson Bible4 ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူသမီးတို့နှင့်ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။ Ver Capítulo |