ကမ္ဘာဦး 6:2 - မြန်မာ့စံမီသမ္မာကျမ်း2 ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။ Ver CapítuloCommon Language Bible2 အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။- Ver CapítuloGarrad Bible2 ကောင်း ကင် သား တို့ သည် လူ့ သ မီး များ အ ဆင်း လှ သည် ကို မြင်၍ စိတ် တိုင်း ကျ ရာ ရွေး ချယ် စုံ ဖက် ကြ ၏။ Ver CapítuloJudson Bible2 ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။ Ver Capítulo |
သို့ဖြစ်၍ သင်တို့၏သမီးများကို သူတို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့၏သမီးများကိုလည်း သင်တို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့ အစဉ်အေးအေးချမ်းချမ်းနေရဖို့၊ ကောင်းစားဖို့ သင်တို့မပြုကြနှင့်။ သို့မှ သင်တို့သည် အင်အားကြီးမည်။ ကောင်းသောပြည်ထွက်အစားအစာများကို စားရမည်။ သင်တို့၏သားမြေးတို့သည်လည်း ထိုပြည်ကို အစဉ်ပိုင်ဆိုင်နိုင်လိမ့်မည်’ဟု မိန့်ဆိုတော်မူပြီ။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။