Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 50:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို့နောက် ယောသပ်​၏​ညီအစ်ကို​တို့​သည်​လည်း ရောက်လာ​၍ သူ့​ရှေ့​၌​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​တို့​သည် သခင့်​ကျွန်​များ​ဖြစ်​ကြ​ပါ​၏​”​ဟု လျှောက်​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

18 ထို​နောက်​ယော​သပ်​၏​ညီ​အစ်​ကို​တို့​သည်​သူ့ ထံ​သို့​ဝင်​ရောက်​၍​ရှေ့​တွင်​ပျပ်​ဝပ်​လျက်``ကိုယ် တော်​၏​ကျွန်​များ​ရှေ့​တော်​သို့​ရောက်​ရှိ​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

Ver Capítulo Copiar

Garrad Bible

18 အစ် ကို တို့ လည်း ဝင်၍ ရှေ့ တွင် ပျပ် ဝပ် ရှိ ခိုး လျက် ကျွန် တော် တို့ သည် ကိုယ် တော့် ကျွန် ဖြစ် ကြ ပါ သည် ဟု လျှောက် ကြ သော်၊

Ver Capítulo Copiar

Judson Bible

18 အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။

Ver Capítulo Copiar




ကမ္ဘာ​ဦး 50:18
8 Referencias Cruzadas  

လူမျိုးတကာ​တို့​သည် သင့်​ထံ၌​အစေခံ​ကြ​၍ တိုင်းသူပြည်သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင်​သည် သင့်​ညီအစ်ကို​တို့​၏​အရှင်သခင်​ဖြစ်​လျက် သင့်​မိခင်​၏​သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင့်​ကို​ကျိန်ဆဲ​သော​သူ​တို့​သည် ကျိန်ဆဲ​ခြင်း​ခံရ​၍ သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​သည် ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​ကြ​ပါစေ​”​ဟု သူ့​ကို​ကောင်းချီးပေး​လေ​၏​။


မိမိ​၏​ဒုတိယ​ရထား​ကို စီး​စေ​၏​။ ရှေ့​တော်​ပြေး​တို့​ကို​လည်း “​ဒူးထောက်​ကြ​လော့​”​ဟု ဟစ်အော်​စေ​၏​။ ဤသို့ဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​ရန် ယောသပ်​အား​ခန့်ထား​လေ​၏​။


ထို​အချိန်​၌ ယောသပ်​သည် တိုင်းပြည်​ကို​အုပ်စိုး​သော​ဘုရင်ခံ​ဖြစ်​ပြီး ပြည်သူပြည်သား​အပေါင်း​တို့​အား အစားအစာ​ရောင်းချ​ပေး​သော​သူ​ဖြစ်​၏​။ ယောသပ်​၏​အစ်ကို​တို့​သည်​ရောက်လာ​၍ သူ့​ရှေ့​၌ မြေ​မှာ​ပျပ်ဝပ်​ကြ​၏​။


ယုဒ​နှင့်​သူ​၏​ညီအစ်ကို​တို့​သည် ယောသပ်​၏​အိမ်​သို့​ပြန်ရောက်​သောအခါ ယောသပ်​သည် အိမ်​၌​ပင်​ရှိ​နေ​သေး​၍ သူ​တို့​သည် ယောသပ်​ရှေ့​၌ ညွတ်တွား​ပျပ်ဝပ်​ကြ​၏​။


ယောသပ်​က သူ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​သည် ယောသပ်​ဖြစ်​၏​။ အကျွန်ုပ်​၏​ဖခင် အသက်ရှင်​သေး​သလော​”​ဟု မေး​၏​။ သို့သော် ညီအစ်ကို​တို့​သည် ယောသပ်​ရှေ့​၌ ထိတ်လန့်​နေ​ကြ​သဖြင့် သူ့​ကို​ပြန်​မ​ဖြေ​နိုင်​ကြ​။


‘​သခင့်​အပေါ်​မကောင်းမှု​ပြု​ခဲ့​သည့် သခင့်​ညီအစ်ကို​တို့​ကျူးလွန်​ခဲ့​သော​အပြစ်​ကို ခွင့်လွှတ်​ပါ​လော့​’​ဟူ၍ သခင့်​အား​ပြောကြား​ရန် မှာကြား​ခဲ့​ပါ​၏​။ သို့ဖြစ်၍ သခင့်​ဖခင်​ကိုးကွယ်​သည့်​ဘုရားသခင်​၏​အစေအပါး​ဖြစ်​သော အကျွန်ုပ်​တို့ ကျူးလွန်​မိ​သော​အပြစ်​များ​ကို ခွင့်လွှတ်​ပါ​လော့​”​ဟု လျှောက်​စေ​၏​။ ထိုသို့​လျှောက်ထား​သောအခါ ယောသပ်​သည် မျက်ရည်ကျ​လေ​၏​။


ယောသပ်​က​လည်း “​မ​ကြောက်​ကြ​နှင့်​။ အကျွန်ုပ်​သည် ဘုရားသခင်​ကို ကိုယ်စားပြု​နိုင်​သလော​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos