ကမ္ဘာဦး 5:2 - မြန်မာ့စံမီသမ္မာကျမ်း2 ယောက်ျားနှင့်မိန်းမအဖြစ် သူတို့ကိုဖန်ဆင်းတော်မူ၏။ ထိုသို့ သူတို့ကိုဖန်ဆင်းတော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကောင်းချီးပေး၍ သူတို့၏အမည်ကို လူ ဟုမှည့်ခေါ်တော်မူ၏။ Ver CapítuloCommon Language Bible2 ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-) Ver CapítuloGarrad Bible2 ဖန် ဆင်း တော် မူ သော နေ့ ၌ လည်း သူ တို့ အား ကောင်း ကြီး ပေး လျက် လူ ဟူ ၍ သ မုတ် တော် မူ ၏။ Ver CapítuloJudson Bible2 လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း၍၊ ကောင်းချီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။ Ver Capítulo |
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။