Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 48:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို့နောက် ယာကုပ်​က ယောသပ်​အား “​အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် ခါနာန်​ပြည်​၊ လုဇ​မြို့​၌ ငါ့​အား ကိုယ်ထင်ရှားပြ​တော်မူ​၍ ငါ့​ကို​ကောင်းချီးပေး​လျက်

Ver Capítulo Copiar

Common Language Bible

3 ယာ​ကုပ်​က​ယော​သပ်​အား``အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည်​ခါ​နာန်​ပြည်၊ လု​ဇ​မြို့ ၌​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ကောင်းချီး​ပေး​၍၊-

Ver Capítulo Copiar

Garrad Bible

3 အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည် ခါ နာန် ပြည် လု ဇ မြို့၌ ငါ့ အား ထင် ရှား ၍ ကောင်း ကြီး ပေး တော် မူ သည် မှာ၊

Ver Capítulo Copiar

Judson Bible

3 ထို​အ​ခါ​ယာ​ကုပ်​က၊ အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်၊ ခါ​နာန်​ပြည်​လု​ဇ​မြို့၌ ငါ့​အား​ထင်​ရှား၍​ကောင်း​ချီး​ပေး​တော်​မူ​လျက်၊

Ver Capítulo Copiar




ကမ္ဘာ​ဦး 48:3
12 Referencias Cruzadas  

အာဗြံ​သည် အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​သောအခါ ထာဝရဘုရား​သည် အာဗြံ​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ ငါ့​ရှေ့မှောက်​၌ အသက်ရှင်​လျှောက်လှမ်း​လော့​။ အပြစ်တင်စရာမရှိ​အောင်​နေ​လော့​။


ငါ​သည် သင့်​ကို အလွန့်အလွန်​ပွားများ​စေ​မည်​။ သင့်​ကို လူမျိုး​အများ​ဖြစ်​စေ​မည်​။ သင့်​ထဲမှ ရှင်ဘုရင်​များ​ပေါ်ပေါက်​လာ​ကြ​လိမ့်မည်​။


သင်​သည် လူမျိုးကြီး​ဖြစ်လာ​သည့်​တိုင်အောင် အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင့်​ကို​ကောင်းချီးပေး​၍ သင့်​ကို တိုးပွား​များပြား​စေ​တော်မူ​ပါစေသော​။


“​သင့်​သား​ယောသပ်​သည် သင့်​ထံသို့​ရောက်လာ​ပါ​ပြီ​”​ဟု ယာကုပ်​ကြား​သောအခါ အစ္စရေး​သည် အားတင်း​၍ ခုတင်​ပေါ်တွင်​ထထိုင်​လေ​၏​။


သင့်​ဖခင်​၏​ဘုရားသခင်​သည် သင့်​ကို ကူညီမစ​တော်မူ​မည်​။ အနန္တတန်ခိုးရှင်​သည် သင့်​အား အထက်​မိုးကောင်းကင်​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း​၊ အောက်​အရပ်​၌​ဝပ်​နေ​သည့်​နက်ရှိုင်း​သော​ရေထု​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း​၊ သားမြတ်​နှင့်​သားအိမ်​တို့​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း ကောင်းချီးပေး​တော်မူ​မည်​။


ငါ​သည် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား အနန္တတန်ခိုးရှင်​ဘုရားသခင်​အဖြစ် ထင်ရှားပြ​ခဲ့​သော်လည်း ထာဝရဘုရား​ဟူသော​ငါ​၏​နာမ​ကို သူ​တို့​မ​သိ​ခဲ့​ကြ​ပေ​။


ကောင်းကင်တမန်​နှင့် ပြိုင်​၍​အနိုင်ရ​ခဲ့​၏​။ ကိုယ်တော့်​ထံ ငိုကြွေး​၍ ကောင်းချီး​တောင်းခံ​ခဲ့​၏​။ ဗေသလ​မြို့​တွင် ကိုယ်တော်​နှင့်​တွေ့​၏​။ ထို​အရပ်​တွင် ကိုယ်တော်​သည် ငါ​တို့​နှင့် စကား​ပြောဆို​ခဲ့​၏​။


ထို​မြို့​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်​ပြည့်စုံ​၍ ၎င်း​၏​အလင်းရောင်​သည် ကျောက်မျက်​ရတနာ​နှင့်​တူ​ပြီး ကျောက်​သလင်း​သဖွယ်​ကြည်လင်​သော နဂါးသွဲ့​ကျောက်​ကဲ့သို့​ဖြစ်​၏။


ယောသပ်​အမျိုးအနွယ်​တို့​သည် ဗေသလ​မြို့​ကို စူးစမ်း​ရန် သူလျှို​တို့​ကို​စေလွှတ်​၏​။ ဗေသလ​မြို့​ကို ယခင်က လုဇ​မြို့ ဟု​ခေါ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos