ကမ္ဘာဦး 47:24 - မြန်မာ့စံမီသမ္မာကျမ်း24 အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။ Ver CapítuloCommon Language Bible24 စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။ Ver CapítuloGarrad Bible24 ရိတ် သိမ်း ချိန် တွင် ငါး ဖို့ တစ် ဖို့ ကို ဖာ ရော မင်း အား ဆက် သွင်း၍ လေး ဖို့ မူ ကား မျိုး စိုက် ပျိုး စေ ရန် လည်း ကောင်း၊ သင် တို့ မှ စ၍ သူ ငယ် တို့ နှင့် အိမ် သူ အိမ် သား တို့ သုံး ဆောင် စေ ရန် လည်း ကောင်း၊ သင် တို့ အ ဖို့ ဖြစ် လိမ့် မည် ဟု ဆို လျှင်၊ Ver CapítuloJudson Bible24 အသီးအနှံကိုရသောအခါ၊ ငါးဖို့တွင်တစ်ဖို့ကို ဖာရောမင်းအားဆက်ရကြမည်။ လေးဖို့ကိုကား သင်တို့ယူ၍ နောက်တစ်ဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကိုကျွေးကြလော့ဟု ပြည်သားတို့အားဆို၏။ Ver Capítulo |