Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 46:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငါ​သည် သင်​နှင့်အတူ အီဂျစ်​ပြည်​သို့​ဆင်းသွား​မည်​။ ငါ​သည် သင့်​ကို ဧကန်​ပြန်ခေါ်ဆောင်​ခဲ့​ဦး​မည်​။ ယောသပ်​သည် မိမိ​လက်​ဖြင့် သင်​၏​မျက်စိ​ကို​ပိတ်ပေး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

4 ငါ​သည်​သင်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ကြွ​သွား မည်။ ငါ​ကိုယ်​တိုင်​သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို ဤ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ သင်​သည် ယော​သပ်​၏​ပြု​စု​ခြင်း​ကို​ခံ​လျက်​စု​တေ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Ver Capítulo Copiar

Garrad Bible

4 အိ ဂျစ် ပြည် သို့ သင် နှင့် အ တူ ငါ သွား မည်။ ပြန်၍ မု ချ ငါ ခေါ် ခဲ့ ဦး မည်။ ယော သပ် သည် သင့် မျက် စိ ကို လက် ဖြင့် ပိတ် လိမ့် မည် ဟု မိန့် တော် မူ၏။

Ver Capítulo Copiar

Judson Bible

4 အဲ​ဂု​တ္တု​ပြည်​သို့ သင်​နှင့်​အ​တူ​ငါ​သွား​မည်။ တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်။ ယော​သပ်​သည် မိ​မိ​လက်​ကို သင်၏​မျက်​စိ​ပေါ်​မှာ​တင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

Ver Capítulo Copiar




ကမ္ဘာ​ဦး 46:4
10 Referencias Cruzadas  

ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ သင်​သွား​လေရာရာ​၌ သင့်​ကို​စောင့်ရှောက်​၍ ဤ​ပြည်​သို့ သင့်​ကို ပြန်ခေါ်လာ​ဦး​မည်​။ အကယ်စင်စစ် သင့်​အား​ငါ​ကတိပေး​သည့်​အရာ မ​ပြည့်စုံ​မ​ချင်း ငါ​သည် သင့်​ကို​စွန့်ပစ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် အစ္စရေး​က ယောသပ်​အား “​ငါ​သေ​ရ​တော့​မည်​။ သို့သော်လည်း ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​၍ သင်​တို့​ဘိုးဘေး​တို့​၏​ပြည်​သို့ သင်​တို့​ကို​ပြန်လည်​ပို့ဆောင်​တော်မူ​လိမ့်မည်​။


ထိုအခါ ယောသပ်​သည် မိမိ​ဖခင်​၏​မျက်နှာ​ကို ငုံ့​၍​နမ်း​ပြီး ငိုကြွေး​၏​။


ယာကုပ်​အလောင်း​ကို ခါနာန်​ပြည်​သို့​သယ်ဆောင်​သွား​၍ အာဗြဟံ​က ဟိတ္တိ​လူမျိုး​ဧဖရုန်​ထံ​မှ ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် ဝယ်ယူ​ထား​သော​လယ်​ဖြစ်​သည့် မံရေ​မြို့​အရှေ့ဘက် မပ္ပေလ​လယ်​၌​ရှိ​သော​လိုဏ်ဂူ​၌ သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။


‘​အကျွန်ုပ်​၏​ဖခင်​က “​ငါ​သေ​တော့​မည်​။ ခါနာန်​ပြည်​၌ ငါ့​အတွက် ငါ​တူး​ထား​သော သင်္ချိုင်းတွင်း​တွင် ငါ့​ကို​သင်္ဂြိုဟ်​ရ​မည်​”​ဟု အကျွန်ုပ်​ကို ကျိန်ဆို​စေ​ခဲ့​ပါ​၏​။ ထို့အတွက်ကြောင့် အကျွန်ုပ်​သွား​၍ ဖခင်​ကို​သင်္ဂြိုဟ်​ပါရစေ​။ ပြီးလျှင် အကျွန်ုပ်​ပြန်လာ​ပါ​မည်​’​ဟူ၍ လျှောက်​ကြ​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။


ငါ​သည် သင်​တို့​ကို သင်​တို့​ဖိစီးနှိပ်စက်​ခံရ​သော​အီဂျစ်​ပြည်​ထဲမှ ထုတ်ဆောင်​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​သော နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​မည်​”​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု ပြော​ရ​မည်​။


ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​လက်​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး ယေဗုသိ​လူမျိုး တို့​နေထိုင်​ရာ​အရပ်​ဖြစ်​သည့် ကောင်းမွန်​ကျယ်ဝန်း​သော​ပြည်​၊ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​ရန် ငါ​ကြွလာ​ပြီ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos