Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 43:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 အိမ်ထိန်း​သည် သူ​တို့​ကို​ယောသပ်​အိမ်​ထဲသို့​ခေါ်ဆောင်​သွား​ပြီးမှ ရေ​ပေး​၍ သူ​တို့​သည် ခြေ​ဆေး​ကြ​၏​။ သူ​တို့​၏​မြည်း​များ​ကို​လည်း အစာ​ကျွေး​၏​။

Ver Capítulo Copiar

Common Language Bible

24 အိမ်​တော်​ဝန်​သည်​သူ​တို့​ကို​အိမ်​ထဲ​သို့​ဝင်​စေ ၏။ သူ​တို့​၏​ခြေ​များ​ကို​ဆေး​ကြော​ရန်​ရေ​ကို ပေး​၍​သူ​တို့​၏​မြည်း​များ​ကို​အ​စာ​ကျွေး ၏။-

Ver Capítulo Copiar

Garrad Bible

24 ယော သပ် အိမ် သို့ ခေါ် သွင်း ပြီး မှ ရေ ပေး၍ ခြေ ဆေး ကြ၏။ မြည်း များ ကို လည်း ကျွေး ၏။

Ver Capítulo Copiar

Judson Bible

24 ယော​သပ်​အိမ်​သို့​သွင်း​ပြီး​မှ၊ ဝန်​စာ​ရေး​သည် ရေ​ကို​ပေး၍​ခြေ​ဆေး​စေ​၏။ မြည်း​တို့​ကို​လည်း​ကျွေး​လေ​၏။

Ver Capítulo Copiar




ကမ္ဘာ​ဦး 43:24
7 Referencias Cruzadas  

ရေ​အနည်းငယ်​ယူ​ခဲ့​ပါရစေ​။ အရှင်​တို့​၏​ခြေ​ကို​ဆေး​ပြီး ဤ​သစ်ပင်​အောက်​၌​နား​ကြ​ပါ​။


“​အကျွန်ုပ်​၏​သခင်​တို့​၊ သခင်​တို့​၏​အစေအပါး​အိမ်​သို့​လိုက်​ခဲ့​၍ ညအိပ်နား​ကြ​ပါ​။ သခင်​တို့​၏​ခြေ​ကို​လည်း​ဆေး​နိုင်​ပါ​သည်​။ စောစောထ​ပြီးမှ​လည်း ခရီးဆက်​နိုင်​ပါ​သည်​”​ဟု ဆို​လေ​၏​။ သူ​တို့​က​လည်း “​မလိုက်​တော့​ပါ​။ ငါ​တို့​သည် ဤ​ကွင်းပြင်​၌ ညအိပ်နား​မည်​”​ဟု ဆို​ကြ​၏​။


သို့ဖြစ်၍ ထို​သူ​သည် အိမ်​သို့​လိုက်လာ​၏​။ လာဗန်​သည် ကုလားအုတ်​များ​ပေါ်မှ ဝန်​ကို​ချ​၍ ကုလားအုတ်​တို့​အတွက် ကောက်ရိုး​နှင့်​အစာ​ကို​ပေး​၏​။ ထို​သူ​နှင့် သူ့​အဖော်​တို့​၏​ခြေ​ကို​ဆေး​ရန် ရေ​ကို​လည်း​ပေး​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​က ဥရိယ​အား “​သင့်​အိမ်​သို့​ပြန်သွား​ပြီး ခြေ​ဆေး​ပါ​”​ဟု မိန့်ဆို​သဖြင့် ဥရိယ​လည်း ဘုရင့်​နန်းတော်​မှ​ထွက်သွား​၏​။ ရှင်ဘုရင်​က သူ့​အဖို့ စားကောင်းသောက်ဖွယ်​များ​လည်း ပေးလိုက်​သေး​၏​။


ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား“ဤ​အမျိုးသမီး​ကို​မြင်​သလော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အတွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့သော် သူ​သည် မျက်ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိမိ​ဆံပင်​ဖြင့်​သုတ်​ပေး​၏။


သားသမီး​များ​ကို​ပြုစု​စောင့်ရှောက်​ခြင်း၊ ဧည့်ဝတ်​ကျေပွန်​ခြင်း၊ သန့်ရှင်း​သူ​တို့​၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်းရဲ​ဒုက္ခ​ခံရ​သူ​များ​ကို​ကူညီ​စောင့်ရှောက်​ခြင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​ကို​ပါဝင်​လုပ်ဆောင်​ခြင်း စသည့်​ကောင်း​သော​အမှု​များ​ကြောင့် ချီးကျူး​ခံရ​သူ​ဖြစ်​ရ​မည်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos