ကမ္ဘာဦး 41:45 - မြန်မာ့စံမီသမ္မာကျမ်း45 ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။ Ver CapítuloCommon Language Bible45-46 ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။- Ver CapítuloGarrad Bible45 ဖာ ရော မင်း သည် ယော သပ် ကို ဇာ ဖ ဏာ သ ဖာ ဏ ဟူ သော ဘွဲ့ နာ မ ဖြင့် မှည့် ခေါ်၍ သြ န မြို့ ရှိ ပ ရော ဟိတ် ပေါ တိ ဖေ ရ၏ သ မီး အာ သ နတ် နှင့် ထိမ်း မြား၏။ ထို သို့ ယော သပ် သည် အိ ဂျစ် ပြည် ကို လှည့် ကြည့် ရန် ထွက် သွား လေ ၏။ Ver CapítuloJudson Bible45 ဖာရောမင်းသည်လည်း၊ ဇာဖဏာသဖာဏတည်းဟူသော ဘွဲ့နာမနှင့် ယောသပ်ကိုချီးမြှောက်၍ ဩနမြို့၏ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဖက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တုနိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။ Ver Capítulo |