ကမ္ဘာဦး 41:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဖာရောမင်းကြီးက ယောသပ်အား “ငါသည် အိပ်မက်တစ်ခုမြင်မက်၏။ ထိုအိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။ သို့ရာတွင် သင်သည် အိပ်မက်ကိုကြားသောအခါ အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သည်ဟု သင့်အကြောင်းငါကြား၏”ဟု မိန့်ဆိုလေ၏။ Ver CapítuloCommon Language Bible15 ဘုရင်ကယောသပ်အား``ငါသည်အိပ်မက်ကို မြင်မက်၏။ သို့ရာတွင်မည်သူမျှအနက်ကိုဖွင့် မပြနိုင်။ သင်သည်အိပ်မက်အနက်ကိုဖွင့်ပြ နိုင်စွမ်းရှိကြောင်းငါကြားသိရသည်'' ဟု မိန့်တော်မူ၏။ Ver CapítuloGarrad Bible15 ဖာ ရော မင်း က လည်း အိပ် မက် ကို ငါ မြင် မက် ပြီ၊ အ နက် ကို ဖတ် နိုင် သူ မ ရှိ၊ သင် သည် အိပ် မက် ကို ကြား ရ လျှင် ဖတ် နိုင် ကြောင်း ငါ ကြား ရ သည် ဟု ယော သပ် အား မိန့် ဆို သော်၊ Ver CapítuloJudson Bible15 ဖာရောမင်းကလည်း၊ ငါသည်အိပ်မက်ကိုမြင်မက်ပြီ။ အနက်ကို အဘယ်သူမျှမဖတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သောဉာဏ်နှင့် အနက်ဖတ်နိုင်သည်ကို ငါကြားရပြီဟုဆို၏။ Ver Capítulo |
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။
ဗေလတရှာဇာဟု ခမည်းတော်က နာမည်ပေးထားသောဒံယေလ၌ ထူးကဲသောဉာဏ်၊ အသိပညာ၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ အိပ်မက်အနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ စကားထာအနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်သောဉာဏ် ရှိကြောင်းသိရပါ၏။ ထို့ကြောင့် ဒံယေလကိုဆင့်ခေါ်ပါ။ သူသည် အနက်အဓိပ္ပာယ်ကိုဖော်ပြပေးပါလိမ့်မည်”ဟု ဆိုလေ၏။
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။