ကမ္ဘာဦး 40:8 - မြန်မာ့စံမီသမ္မာကျမ်း8 သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။ Ver CapítuloCommon Language Bible8 သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။ ယောသပ်က``အိပ်မက်၏အနက်ဖွင့်ပြနိုင်စွမ်း ကိုထာဝရဘုရားသာပေးပါသည်။ သင်တို့ ၏အိပ်မက်များကိုကျွန်တော်အားပြောပြ ပါ'' ဟုဆိုလေ၏။ Ver CapítuloGarrad Bible8 သူ တို့ က လည်း၊ ငါ တို့ သည် အိပ် မက် ကို မြင် ရ ကြ ပြီ။ အ နက် ကို ဖတ် နိုင် သော သူ မ ရှိ ဟု ဆို ကြ သော်၊ ယော သပ် က၊ အ နက် ဉာဏ် ကို ဘု ရား သ ခင် ပိုင် တော် မူ သည် မ ဟုတ် လော။ ကျွန် တော် အား ပြန် ပြော ကြ ပါ ဟု ဆို ၏။ Ver CapítuloJudson Bible8 သူတို့ကလည်း၊ ငါတို့သည်အိပ်မက်ကိုမြင်ရပြီ။ အနက်ကိုဖတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အားကြားပြောကြပါဟုဆို၏။ Ver Capítulo |
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။