ကမ္ဘာဦး 40:15 - မြန်မာ့စံမီသမ္မာကျမ်း15 အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible15 စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။ Ver CapítuloGarrad Bible15 အ ကယ် စင် စစ် ကျွန် တော် ကို ဟေ ဗြဲ ပြည် မှ ခိုး ယူ ခဲ့ ကြ ပါ၏။ ဤ ပြည် မှာ လည်း ကျွန် တော်၌ အ ပြစ် မ ရှိ ဘဲ နှောင် တွင်း မှာ လှောင် ထား ကြ သည် ဟု ဆို လေ ၏။ Ver CapítuloJudson Bible15 အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှခိုးယူခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌အပြစ်မရှိဘဲ ထောင်ထဲမှာလှောင်ထားကြသည်ဟုဆိုလေ၏။ Ver Capítulo |
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။