ကမ္ဘာဦး 4:12 - မြန်မာ့စံမီသမ္မာကျမ်း12 သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible12 သင်သည်မြေကိုထွန်ယက်စိုက်ပျိုးသော်လည်း အသီးအနှံထွက်မည်မဟုတ်။ သင်သည်အိုး အိမ်မဲ့လျက်မြေကြီးပေါ်တွင်လှည့်လည် နေရမည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible12 ယ ခု မှ စ၍ မြေ၌ လုပ် ကိုင် သော အ ခါ အ သီး အ နှံ ကို မ ရ ဘဲ၊ မြေ ကြီး ပေါ် မှ ပြေး ရ သော သူ၊ လေ လွင့် သော သူ ဖြစ် ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible12 ယခုမှစ၍မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကိုမရ ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ Ver Capítulo |
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ ယနေ့ သင်တို့အား ငါမှာကြားသော ကိုယ်တော်၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင် သင်တို့အပေါ်သက်ရောက်မည့်ကျိန်ခြင်းအမင်္ဂလာ၊ သင်တို့ခံစားရမည့် ကျိန်ခြင်းအမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။