ကမ္ဘာဦး 37:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဖခင်က သူ့ကို ညီအစ်ကိုအားလုံးထက်ပို၍ချစ်ကြောင်း သူ့အစ်ကိုတို့သိမြင်သောအခါ သူ့ကိုမုန်း၍ သူ့အားချိုသာစွာမပြောဆိုနိုင်ကြချေ။ Ver CapítuloCommon Language Bible4 ဖခင်ကယောသပ်အားသူတို့ထက်ပို၍ချစ် သဖြင့်သူ၏အစ်ကိုတို့သည် သူ့အားကြင်နာ သည့်စကားတစ်ခွန်းကိုမျှမပြောနိုင်လောက် အောင်ရွံမုန်းကြလေသည်။ Ver CapítuloGarrad Bible4 ညီ အစ် ကို တ ကာ တို့ ထက် သာ၍ အ ဘ ချစ် ကြောင်း ကို အစ် ကို တို့ သည် သိ မြင် သည် ဖြစ်၍ နှုတ် ဆက် ခြင်း ကို မျှ မ ပြု နိုင် အောင် မုန်း ကြ ရာ၊ Ver CapítuloJudson Bible4 အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကိုသာ၍ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကိုသူ့အား မပြောနိုင်ကြ။ Ver Capítulo |
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။