ကမ္ဘာဦး 37:34 - မြန်မာ့စံမီသမ္မာကျမ်း34 ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။ Ver CapítuloCommon Language Bible34 ယာကုပ်သည်ဝမ်းနည်းကြေကွဲသဖြင့် မိမိ၏ အဝတ်အင်္ကျီကိုဆုတ်ဖြဲ၍လျှော်တေအဝတ်ကို ဝတ်လေ၏။ သူသည်သားအတွက်ကာလအတန် ကြာမျှပူဆွေးတမ်းတလျက်နေလေ၏။- Ver CapítuloGarrad Bible34 ကိုယ့် အ ဝတ် ဆုတ် ၍ လျှော် တေ ကို စည်း လျက် ကာ လ ရှည် ကြာ စွာ သား ကြောင့် မြည် တမ်း နေ လေ ၏။ Ver CapítuloJudson Bible34 မိမိအဝတ်ကိုဆွဲဆုတ်၍၊ လျှော်တေအဝတ်ကိုပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာညည်းတွားလျက်နေလေ၏။ Ver Capítulo |
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။
ထိုအခါ သူ့အမှုထမ်းတို့က “အစ္စရေးအမျိုးအနွယ်တို့၏ဘုရင်များသည် သနားတတ်သောဘုရင်များဖြစ်ကြောင်း ကြားဖူးပါ၏။ ယခု အကျွန်ုပ်တို့ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်း ကြိုးကိုပတ်ပြီး အစ္စရေးဘုရင်ထံ အခစားဝင်ပါမည်။ မင်းကြီးကို အသက်ချမ်းသာပေးကောင်းပေးတော်မူမည်”ဟု လျှောက်တင်ကြ၏။
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။