ကမ္ဘာဦး 37:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထို့နောက် သူတို့သည် အစားအစာစားသောက်ရန် ထိုင်လိုက်ကြစဉ် ဣရှမေလလူမျိုး ခရီးသွားလူတစ်စုသည် နံ့သာမျိုးများ၊ လိမ်းဆေးများနှင့် မုရန်စေးများကို ကုလားအုတ်များပေါ်တင်ဆောင်လျက် ဂိလဒ်ပြည်ဘက်မှ အီဂျစ်ပြည်သို့ဆင်းသွားနေသည်ကို လှမ်းမြင်ရ၏။ Ver CapítuloCommon Language Bible25 ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။- Ver CapítuloGarrad Bible25 ထို နောက် အ စာ စား ရန် ထိုင် ကြ စဉ် ဣ ရှ မေ လ လူ မျိုး ခ ရီး သည် တစ် စု သည် နံ့ သာ မျိုး၊ လိမ်း ဆေး၊ မု ရန် စေး များ ကို ကု လား အုပ် ပေါ် မှာ တင် ဆောင် လျက် ဂိ လဒ် ပြည် မှ အိ ဂျစ် ပြည် သို့ သွား ကြ သည် ကို မျှော် ကြည့်၍ မြင် လျှင်၊ Ver CapítuloJudson Bible25 ထိုနောက်အစာစားခြင်းငှာထိုင်ကြစဉ် မျှော်ကြည့်၍၊ ဣရှမေလအမျိုးသားအစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုတ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊ Ver Capítulo |