Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 37:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ယောသပ်​သည် အစ်ကို​တို့​ထံသို့​ရောက်လာ​သောအခါ သူ​တို့​သည် ယောသပ်​ဝတ်ဆင်​ထား​သော​ရောင်စုံ​သင်တိုင်း​ကို ချွတ်​ပြီးလျှင်

Ver Capítulo Copiar

Common Language Bible

23 အစ်​ကို​များ​ထံ​သို့​ယော​သပ်​ရောက်​လာ​သော အ​ခါ သူ​တို့​က​သူ​၏​လက်​ရှည်​ဝတ်​ရုံ​ကို ချွတ်​ပစ်​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

23 အစ် ကို တို့ ထံ ယော သပ် ရောက် သော် ဝတ် ဆင် သော အင်္ကျီ ရှည် ကို ချွတ် ပြီး မှ သူ့ ကို ဆွဲ၍ တွင်း ထဲ သို့ ချ ကြ၏။

Ver Capítulo Copiar

Judson Bible

23 ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊

Ver Capítulo Copiar




ကမ္ဘာ​ဦး 37:23
8 Referencias Cruzadas  

တစ်ဖန် ရုဗင်​က “​သွေး​မ​သွန်း​ကြ​နှင့်​။ တောကန္တာရ​ရှိ ဤ​တွင်း​ထဲသို့ သူ့​ကို​ပစ်ချ​ကြ​စို့​။ သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ဤသို့​ဆို​ခြင်း​မှာ ယောသပ်​ကို သူ​တို့​လက်​မှ​ကယ်နုတ်​၍ ဖခင်​ထံသို့​ပြန်ပို့​ရန်​အတွက်​ဖြစ်​၏​။


သူ့​ကို​ခေါ်သွား​၍ တွင်း​ထဲသို့​ပစ်ချ​လိုက်​ကြ​၏​။ ထို​တွင်း​သည် ရေ​မ​ရှိ​သော​တွင်းလွတ်​ဖြစ်​၏​။


အစ္စရေး​သည် ယောသပ်​ကို အသက်ကြီး​မှ​ရ​သောကြောင့် သား​အားလုံး​ထက် သူ့​ကို​ပို၍​ချစ်​သဖြင့် ရောင်စုံ​သင်တိုင်း​ကို သူ့​အတွက်​ချုပ်ပေး​၏​။


ထိုအခါ သူ​တို့​က “​အကယ်စင်စစ် ငါ​တို့​သည် ငါ​တို့​ညီ​အပေါ်​ပြု​ခဲ့​သော​အမှု​အတွက် အပြစ်ရှိ​သော​သူ​များ​ဖြစ်​ကြ​၏​။ သူ​သည် ငါ​တို့​ကို​အသနားခံ​သောအခါ သူ​စိတ်ဒုက္ခရောက်​နေ​သည်​ကို​ငါ​တို့​မြင်​ရ​သော်လည်း ငါ​တို့​နား​မ​ထောင်​ခဲ့​ကြ​ချေ​။ ထို့ကြောင့် ထို​ဒုက္ခ​သည် ငါ​တို့​အပေါ်​သို့​ရောက်​လေ​ပြီ​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။


ထို​ငယ်သား​သည်​လည်း ဘုရင့်​သမီး​တော်​အပျိုစင်​တို့ ဝတ်ဆင်​ရ​လေ့​ရှိ​သော​ရောင်စုံသင်တိုင်း​ကို ဝတ်ဆင်​ထား​သော​တာမာ​အား နှင်ထုတ်​ပြီးလျှင် တံခါး​ကို​ပိတ်​ထား​လိုက်​လေ​၏​။


သူ​တို့​သည် အကျွန်ုပ်​၏​အဝတ်​တို့​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​ဝတ်လုံ​အတွက် မဲ​ချ​ကြ​ပါ​၏​။


ကိုယ်တော်​၏​အဝတ်​ကို​ချွတ်​ပြီး နီမြန်း​သော​ဝတ်လုံ​ကို ကိုယ်တော်​အား​ခြုံ​စေ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos