Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 37:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အစ္စရေး​က ယောသပ်​အား “​သင်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​၌ သိုးဆိတ်​တို့​ကို​ထိန်းကျောင်း​နေ​သည်​မ​ဟုတ်​လော​။ လာ​ပါ​။ သင့်​ကို သူ​တို့​ထံသို့ ငါ​စေလွှတ်​မည်​”​ဟု ဆို​လျှင် သူ​က “​ဟုတ်ကဲ့​ပါ​”​ဟု ဆို​၏​။

Ver Capítulo Copiar

Common Language Bible

13 ယာ​ကုပ်​က​ယော​သပ်​အား``သင်​၏​အစ်​ကို​တို့ သိုး​ဆိတ်​ကျောင်း​ရာ​ရှေ​ခင်​မြို့​သို့​သွား​ပါ လော့'' ဟု​ဆို​၏။ ထို​အ​ခါ​ယော​သပ်​က``ဟုတ်​ကဲ့၊ ကျွန်​တော် သွား​ပါ​မည်'' ဟု​ဖြေ​ကြား​၏။

Ver Capítulo Copiar

Garrad Bible

13 ဣ သ ရေ လ က၊ သင့် အစ် ကို တို့ သည် သိုး ဆိတ် များ ကို ရှေ ခင် မြို့ မှာ ထိန်း ကျောင်း ကြ သည် မ ဟုတ် လော။ သင့် ကို သူ တို့ ရှိ ရာ သို့ ငါ စေ လွှတ် မည် ဟု ယော သပ် အား ဆို လျှင် ကျွန် တော် သွား ပါ မည် ဟု ပြန် ဆို သော်၊

Ver Capítulo Copiar

Judson Bible

13 ဣ​သ​ရေ​လ​သည်​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​သည် သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ ထိန်း​ကြ​သည်​မ​ဟုတ်​လော။ လာ​ပါ။ သင့်​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ​သည်​ဟု​ဆို​သော်၊

Ver Capítulo Copiar




ကမ္ဘာ​ဦး 37:13
13 Referencias Cruzadas  

ထို့နောက်တွင် ဘုရားသခင်​သည် အာဗြဟံ​ကို​စမ်းသပ်​တော်မူ​၏​။ ကိုယ်တော်​က “​အာဗြဟံ​”​ဟု ခေါ်​တော်မူ​လျှင် အာဗြဟံ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။


ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က “​အာဗြဟံ​၊ အာဗြဟံ​”​ဟု ကောင်းကင်​မှ​ခေါ်​လျှင် အာဗြဟံ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။


ဣဇက်​သည် အသက်ကြီး​၍ မျက်စိ​မှုန်​သဖြင့် မ​မြင်​နိုင်​သောအခါ သား​ကြီး​ဧသော​အား “​ငါ့​သား​”​ဟု ခေါ်​လျှင် ဧသော​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။


ထိုအခါ ယာကုပ်​သည် မိမိ​ဖခင်​ထံသို့​သွား​၍ “​အဖေ​”​ဟု ခေါ်​လျှင် ဖခင်​က “​ပြော​ပါ ငါ့​သား​၊ သင်​သည် မည်သူ​နည်း​”​ဟု မေး​လေ​၏​။


ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ ထွက်ခွာ​ပြီးနောက် ခါနာန်​ပြည်​ရှိ ရှေခင်​မြို့​သို့ ကောင်းမွန်​စွာ​ရောက်ရှိ​လာ​ပြီး ထို​မြို့​၏​အရှေ့ဘက်​၌ စခန်းချ​လေ​၏​။


ထို့နောက် ယောသပ်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​တွင် ဖခင်​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​ရန်​ထွက်ခွာ​သွား​ကြ​၏​။


နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။


ထိုအခါ စပျစ်ခြံ​ပိုင်ရှင်​က ‘ငါ​မည်သို့​ပြု​ရ​မည်နည်း။ ငါ​၏​ချစ်​သား​ကို ငါ​စေလွှတ်​မည်။ သူ​တို့​သည် သူ့​ကို​ရိုသေ​ကောင်း​ရိုသေ​ကြ​လိမ့်မည်’​ဟု ဆို​၏။


ဧလိ​က ရှမွေလ​အား “​ငါ့​သား​၊ ရှမွေလ​”​ဟု ခေါ်​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။


ထာဝရဘုရား​သည် ရှမွေလ​ကို တတိယ​အကြိမ်​ခေါ်​တော်မူ​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍ ဧလိ​ထံသို့​သွား​ပြီးလျှင် “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​ပြန်​၏​။ ထိုအခါ သူငယ်​ကို ထာဝရဘုရား​ခေါ်​တော်မူ​ကြောင်း ဧလိ​သိ​သွား​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos