ကမ္ဘာဦး 35:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ် ဟုခေါ်၏။ Ver CapítuloCommon Language Bible8 ရေဗက္က၏အထိန်းဒေဗောရကွယ်လွန်၍ ဗေသလ တောင်ဘက်ရှိဝက်သစ်ချပင်အောက်၌အလောင်း ကိုမြှုပ်လေသည်။ ထိုကြောင့်ထိုအပင်ကို``မျက်ရည် ယိုဝက်သစ်ချပင်'' ဟုနာမည်မှည့်လေ၏။ Ver CapítuloGarrad Bible8 ထို နောက် ရေ ဗ က္က၏ အ ထိန်း ဒေ ဗော ရ သေ လွန် ရာ ဗေ သ လ အောက် ကျင်း ညန် ပင် ရင်း တွင် သင်္ဂြိုဟ် ကြ လေ ၏။ ထို အ ပင် ကို အာ လု မ္ဘာ ကုတ် ဟူ၍ ခေါ် ဝေါ် ကြ သ တည်း။ Ver CapítuloJudson Bible8 ရေဗက္က၏အထိန်းဒေဗောရသေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကိုခံရလေ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍တွင်သတည်း။ Ver Capítulo |
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့တက်လာ၍ “ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီး သင်တို့ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်သို့ သင်တို့ကိုပို့ဆောင်ခဲ့၏။ ‘သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါချိုးဖောက်မည်မဟုတ်။
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။