ကမ္ဘာဦး 35:12 - မြန်မာ့စံမီသမ္မာကျမ်း12 အာဗြဟံနှင့်ဣဇက်အား ငါပေးသောပြည်ကို သင့်အား ငါပေးမည်။ ထိုပြည်ကို နောင်လာမည့် သင်၏သားစဉ်မြေးဆက်အားလည်း ငါပေးမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible12 ငါသည်အာဗြဟံနှင့်ဣဇာက်တို့အားပေး သောပြည်ကိုသင့်အားလည်းကောင်း၊ သင်၏ အဆက်အနွယ်တို့အားလည်းကောင်းငါ ပေးမည်'' ဟုမိန့်တော်မူ၏။- Ver CapítuloGarrad Bible12 အာ ဗြ ဟံ နှင့် ဣ ဇာက် တို့ အား ငါ ပေး ခဲ့ သော ပြည် ကို သင် အား လည်း ကောင်း၊ သင် မှ ဆင်း သက် သော အ မျိုး အ နွယ် အား လည်း ကောင်း ငါ ပေး မည် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible12 အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ Ver Capítulo |
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ကိုယ်တော်က ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့အား ‘ငါသည် သင်တို့၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေလျက် သင်တို့၏သားစဉ်မြေးဆက်အား ငါပေးမည်ဟု ကတိပြုခဲ့သော ဤမြေရှိသမျှကို သူတို့သည် ထာဝရပိုင်ဆိုင်ရကြလိမ့်မည်’ဟူ၍ ကိုယ့်ကိုယ်ကိုယ်တိုင်တည်ကျိန်ဆိုတော်မူခဲ့သည်ကို အောက်မေ့တော်မူပါ”ဟု အသနားခံလေ၏။