Biblia Todo Logo
La Biblia Online
- Anuncios -




ကမ္ဘာ​ဦး 34:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 “​ဤ​သူ​တို့​သည် ငါ​တို့​နှင့်​ခင်မင်ရင်းနှီး​သော​သူ​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဤ​ပြည်​၌​နေထိုင်​၍ ရောင်းဝယ်ဖောက်ကား​ကြ​ပါစေ​။ ဤ​ပြည်​သည် သူ​တို့​နေသာအောင် ကျယ်ဝန်း​၏​။ သူ​တို့​၏​သမီး​တို့​ကို ငါ​တို့​၏​မယား​အဖြစ်​ယူ​၍ ငါ​တို့​၏​သမီး​တို့​ကို​လည်း သူ​တို့​အား ပေးစား​ကြ​စို့​။

Ver Capítulo Copiar

Common Language Bible

21 ``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-

Ver Capítulo Copiar

Garrad Bible

21 အ ချင်း တို့၊ ဤ သူ တို့ သည် ငါ တို့ နှင့် သင့် တင့် ပြီး ဖြစ်၍ ငါ တို့ ပြည် တွင် နေ လျက် ကူး သန်း ရောင်း ဝယ် ခွင့် ရှိ ကြ ပါ စေ။ ငါ တို့ ပြည် သည် သူ တို့ နေ သာ အောင် ကျယ် ဝန်း ပါ၏။ သူ တို့ သ မီး များ ကို သိမ်း ပိုက်၍ ငါ တို့ သ မီး များ ကို လည်း သူ တို့ နှင့် ထိမ်း မြား ကြ ကုန် အံ့။

Ver Capítulo Copiar

Judson Bible

21 အ​ချင်း​တို့၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့် သင့်​တင့်​ကြ​ပြီ။ ငါ​တို့​ပြည်၌​နေ၍ ဖောက်​ကား​ရောင်း​ဝယ်​မှု​ကို ပြု​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင် ကျယ်​ပေ၏။ သူ​တို့​သ​မီး​များ​နှင့် အိမ်​ထောင်​ဖက်​ပြု​ကြ​စို့။ ငါ​တို့​သ​မီး​များ​ကို​လည်း သူ​တို့​အား​ထိမ်း​မြား​ပေး​စား​ကြ​စို့။

Ver Capítulo Copiar




ကမ္ဘာ​ဦး 34:21
4 Referencias Cruzadas  

သို့ပြုလျှင် သင်​တို့​သည် ငါ​တို့​နှင့်အတူ​နေထိုင်​နိုင်​ပါ​သည်​။ ဤ​ပြည်​သည်​လည်း သင်​တို့​အတွက်​ဖြစ်​မည်​။ ဤ​ပြည်​၌ နေထိုင်​လျက် ရောင်းဝယ်ဖောက်ကား​ပြီး ဥစ္စာဆည်းပူး​ကြ​ပါ​”​ဟု ပြောဆို​လေ​၏​။


ဟာမော်​နှင့်​သူ​၏​သား​ရှေခင်​သည် မြို့​တံခါး​သို့​သွား​၍ မြို့သား​တို့​အား


သူ​တို့​အရေဖျားလှီး​ခြင်း​ကို​ခံ​သကဲ့သို့ ငါ​တို့​ထဲ၌​ရှိ​သော​ယောက်ျား​တိုင်း​သည် အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​ဟူသော​အချက်​ဖြင့်​သာ သူ​တို့​သည် ငါ​တို့​နှင့်​လိုက်လျော​သဘောတူ​၍ ငါ​တို့​နှင့်အတူ​နေထိုင်​ပြီး လူမျိုး​တစ်မျိုးတည်း​ဖြစ်​ကြ​မည်​။


သို့သော် သင်​တို့​၏​အငယ်ဆုံး​ညီ​ကို ငါ့​ထံသို့​ခေါ်ဆောင်​ခဲ့​ကြ​လော့​။ ဤသို့ဖြင့် သင်​တို့​သည် သူလျှို​များ​မ​ဟုတ်​ဘဲ ရိုးသား​သော​သူ​များ​ဖြစ်ကြောင်း ငါ​သိ​ရ​လိမ့်မည်​။ ထိုအခါ သင်​တို့​၏​ညီအစ်ကို​ကို သင်​တို့​ထံ ငါ​ပြန်အပ်​၍ သင်​တို့​သည် ဤ​ပြည်​၌ ရောင်းဝယ်ဖောက်ကား​ခွင့်​ရ​လိမ့်မည်​’​ဟူ၍ မိန့်ဆို​ပါ​သည်​”​ဟု ဆို​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos