ကမ္ဘာဦး 34:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။ Ver CapítuloCommon Language Bible2 ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။- Ver CapítuloGarrad Bible2 ၎င်း ပြည် ရှိ မင်း ဟိ ဝိ လူ မျိုး ဟာ မော်၏ သား ရှေ ခင် မြင် လျှင် ဆောင် ယူ အိပ် စက်၍ အ သ ရေ ရှုတ် ချ လေ ၏။ Ver CapítuloJudson Bible2 ထိုပြည်ကိုအစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍အိပ်ဖော်ပြုလျက်၊ သူ့အသရေကိုရှုတ်ချလေ၏။ Ver Capítulo |
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
သူတို့နှစ်ဦးစလုံးကို ထိုမြို့တံခါးသို့ ခေါ်သွား၍ ခဲနှင့် အသေပေါက်သတ်ရမည်။ မြို့ထဲ၌ဖြစ်သည်ကိုပင် ထိုမိန်းကလေးသည် အော်ဟစ်အကူအညီမတောင်း၊ ထိုယောက်ျားသည်လည်း မိမိအိမ်နီးချင်း၏မယားကို ကာမကျူးလွန်သောကြောင့် အသတ်ခံရခြင်းဖြစ်၏။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။