ကမ္ဘာဦး 33:10 - မြန်မာ့စံမီသမ္မာကျမ်း10 ယာကုပ်ကလည်း “မဟုတ်ပါ။ အကျွန်ုပ်သည် သခင့်ရှေ့၌ မျက်နှာရပါလျှင် အကျွန်ုပ်ပေးသောလက်ဆောင်ကို လက်ခံပါလော့။ အကယ်စင်စစ် သခင်၏မျက်နှာကို အကျွန်ုပ်ဖူးမြင်ရသည်မှာ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ဖြစ်ပါ၏။ သခင်သည်လည်း အကျွန်ုပ်ကို ကြည်ဖြူစွာလက်ခံပါပြီ။ Ver CapítuloCommon Language Bible10 ယာကုပ်က``ကိုယ်တော်၏ထံမှမျက်နှာသာရ သည်မှန်လျှင် ကျွန်တော်ဆက်သသောလက်ဆောင် များကိုလက်ခံတော်မူပါ။ ကိုယ်တော်သည်ကျွန် တော်ကိုကြည်ဖြူစွာကြိုဆိုပါပြီ။ ကိုယ်တော် ၏မျက်နှာကိုမြင်ရသည်မှာဘုရားသခင်၏ မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ပင်ဖြစ် ပါသည်။- Ver CapítuloGarrad Bible10 ယာ ကုပ် က လည်း ဤ သို့ မ ဟုတ် ပါ။ စိတ် တော် နှင့် တွေ့ သည် မှန် ပါ က ကျွန် တော် ဆက် သ သော ပ ဏ္ဏာ ကို လက် ခံ တော် မူ ပါ။ ကိုယ် တော့် မျက် နှာ ကို ဖူး မြင် ရ သည် မှာ ဘု ရား သ ခင့် မျက် နှာ တော် ကို ဖူး မြင် ရ သ ကဲ့ သို့ ဖြစ် ပါ၏။ နှစ် သက် တော် မူ သည် လည်း ဖြစ် ပါ ၏။ Ver CapítuloJudson Bible10 ယာကုပ်ကလည်း၊ ထိုသို့မဆိုပါနှင့်။ စိတ်တော်နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သောလက်ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏မျက်နှာတော်ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏မျက်နှာကို ဖူးမြင်ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။ Ver Capítulo |
အဗရှလုံက ယွာဘအား “ငါ့ထံသို့ လာပါ။ ငါသည် သင့်ကို ရှင်ဘုရင်ထံစေလွှတ်ပြီး ‘အကျွန်ုပ်သည် ဂေရှုရမြို့မှ ဤနေရာသို့ အဘယ်ကြောင့်ပြန်လာရပါသနည်း။ ထိုမြို့တွင်နေရခြင်းက အကျွန်ုပ်အတွက် သာ၍ကောင်းသေး၏။ အပြစ်ရှိလျှင်လည်း ကွပ်မျက်တော်မူပါ။ ယခု ရှင်ဘုရင်၏မျက်နှာတော်ကို ဖူးမြော်ပါရစေ’ဟု ရှင်ဘုရင်ထံလျှောက်တင်ပေးရန် လူလွှတ်ခေါ်သည်ကို သင်က အဘယ်ကြောင့် မလာသနည်း”ဟု ဆို၏။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။