ကမ္ဘာဦး 31:29 - မြန်မာ့စံမီသမ္မာကျမ်း29 ငါသည် သင့်ကိုဒုက္ခရောက်စေနိုင်၏။ သို့သော် မနေ့ညတွင် သင့်ဖခင်၏ဘုရားသခင်က ‘သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင်သတိပြုလော့’ဟု ငါ့အားမိန့်တော်မူ၏။ Ver CapítuloCommon Language Bible29 ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။- Ver CapítuloGarrad Bible29 သင် ပြု သည် မှာ မိုက် လှ စွ တ ကား။ သင် တို့ ကို ထိ ခိုက် နိုင် ရန် ငါ့ လက် တွင် ရှိ၏။ သို့ သော် လည်း ယ မန် ညဉ့် မှာ သင် တို့ အ ဘ ၏ ဘု ရား သ ခင် က ယာ ကုပ် ၌ အ ကောင်း အ ဆိုး မ ပြော ရန် သ တိ ပြု လော့ ဟု ငါ့ အား မိန့် တော် မူ ၏။ Ver CapítuloJudson Bible29 ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည်ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်။ သတိပြုလော့ဟု ငါ့အားမိန့်တော်မူ၏။ Ver Capítulo |
အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။