ကမ္ဘာဦး 28:15 - မြန်မာ့စံမီသမ္မာကျမ်း15 ကြည့်ရှုလော့။ ငါသည် သင်နှင့်အတူရှိ၏။ သင်သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်၍ ဤပြည်သို့ သင့်ကို ပြန်ခေါ်လာဦးမည်။ အကယ်စင်စစ် သင့်အားငါကတိပေးသည့်အရာ မပြည့်စုံမချင်း ငါသည် သင့်ကိုစွန့်ပစ်မည်မဟုတ်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible15 ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။ Ver CapítuloGarrad Bible15 ငါ သည် သင် နှင့် အ တူ ရှိ လျက် သင် သွား လေ ရာ ရာ ၌ စောင့် ထိန်း ၍ ဤ ပြည် သို့ ပြန် လာ စေ ဦး မည်။ က တိ အ တိုင်း ငါ မ ပြု ရ မီ သင့် ကို စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible15 ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့တစ်ဖန် ဆောင်ခဲ့ဦးမည်။ ကတိထားသည်အတိုင်းမပြည့်စုံမီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။ Ver Capítulo |
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
မြောက်ဘက်အရပ်သို့လည်းကောင်း၊ အပြည်ပြည်သို့လည်းကောင်း နှင်ထုတ်ခံရသော အစ္စရေးအမျိုးသားတို့ကို ပြန်လည်ခေါ်ဆောင်လာသောထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဟု ပြောဆိုရမည့်အချိန် ရောက်လာမည်။ ငါသည် သူတို့၏ဘိုးဘေးတို့အား ပေးခဲ့သောပြည်သို့ သူတို့ကိုပြန်လည်ခေါ်ဆောင်လာမည်’ဟု မိန့်တော်မူ၏။