ကမ္ဘာဦး 27:33 - မြန်မာ့စံမီသမ္မာကျမ်း33 ထိုအခါ ဣဇက်သည် အလွန်ထိတ်လန့်တုန်လှုပ်လျက် “သို့ဖြစ်လျှင် တောကောင်လိုက်ဖမ်း၍ ငါ့ထံသို့ယူလာခဲ့သောသူသည် မည်သူနည်း။ သင်ရောက်မလာမီ ငါသည် အကုန်စားပြီး သူ့ကိုကောင်းချီးပေးလေပြီ။ အကယ်စင်စစ် သူသည် ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည်”ဟု ဆို၏။ Ver CapítuloCommon Language Bible33 ထိုအခါဣဇာက်သည်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လျက်``အမဲကောင်ကိုရ၍ငါ့ထံသို့ဟင်း ယူခဲ့သူကားမည်သူနည်း။ သင်မရောက်မီငါ သည်ဟင်းကိုစားပြီးပြီ။ ထိုသူအားလည်း ကောင်းချီးပေးခဲ့ပြီ။ ငါကောင်းချီးပေးခဲ့ သည့်အတိုင်းသူခံစားရမည်'' ဟုဆိုလေ သည်။ Ver CapítuloGarrad Bible33 ဣ ဇာက် သည် အ လွန် တုန် လှုပ် ချောက် ချား လျက်၊ သို့ ဖြစ် လျှင် အ မဲ သား ကို ရ၍ ငါ့ ထံ သွင်း ပြီး သူ ကား၊ မည် သူ နည်း။ သင် မ ရောက် မီ၊ အ မျိုး မျိုး ကို ငါ စား၍ ထို သူ့ အား ကောင်း ကြီး ပေး လေ ပြီ။ ကောင်း ကြီး လည်း သူ၌ တည် လိမ့် မည် ဟု ဆို လေ၏။ Ver CapítuloJudson Bible33 အမဲသားကိုရ၍၊ ငါ့ထံသို့ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မီ ငါသည်အကုန်အစင်စားပြီး၍၊ သူ့ကိုကောင်းချီးပေးမိပြီ။ သူသည် ကောင်းချီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။ Ver Capítulo |